သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ဌာနချုပ် လစ်ဗျားအစိုးရ လိုလားတဲ့တပ်တွေ သိမ်းပိုက်


လစ်ဗျားနိုင်ငံ Sirte မြို့မှာရှိတဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ ဌာနချုပ်တွေကို ထိန်းချုပ်လိုက်နိုင်ပြီလို့ အစိုးရလိုလားတဲ့တပ်ဖွဲ့တွေက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

IS စစ်သွေးကြွအဖွဲ့ရဲ့ စစ်ဆင်ရေးတွေအတွက် အခြေစိုက်စခန်းတခုအဖြစ် အသုံးပြုနေတဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်ရာ Sirte ကနေ IS အဖွဲ့ကို တိုက်ထုတ်ဖို့ ရည်ရွယ်ပြီး အမေရိကန်ကလည်း လေကြောင်းကနေ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ မြေပြင် ထိပ်တိုက်စစ်ပွဲတွေမှာတော့ အမေရိကန်ခြေလျင်တပ်ဖွဲ့တွေ မပါဝင်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

Sirte က မြေပြင်ထိပ်တိုက်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့တွေ ပါဝင်တယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက် တွေက မေးမြန်းရာမှာတော့ - ဒီသတင်းတွေ မမှန်ဘူးလို့လည်း - ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် Gordon Trowbridge က ပြောဆိုခဲ့ပါတယ်။ လစ်ဗျားမှာ အမေရိကန်ရဲ့ တာဝန်က - လစ်ဗျားအမျိုးသားအစိုးရနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တပ်တွေရဲ့ အကူအညီတောင်းခံမှုအရ လေကြောင်းကနေ စစ်ကူပေး - ထိုးစစ်ဆင်နေတာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အမေရိကန် အနေနဲ့ စောင့်ကြည့်ထောက်လှမ်း စုံစမ်းမှုတွေနဲ့ တိကျတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ရှင်းလင်းပြီး လစ်ဗျားအမျိုးသားအစိုးရရဲ့ မဟာမိတ်တပ်တွေ မဟာဗျုဟာကျကျ စစ်ဆင်နိုင်အောင် ကူညီနေတာသာ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG