သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဖရိက ၈ ႏိုင္ငံက ခရီးသြားေတြအေပၚ ကန္႔သတ္ခ်က္ေတြ အေမရိကန္ျပန္႐ုပ္မည္


Zawgyi

အာဖရိက ၈ ႏိုင္ငံက ခရီးသြားေတြအေပၚ ကန္႔သတ္ခ်က္ေတြ အေမရိကန္ျပန္႐ုပ္မည္

ကိုဗစ္ေရာဂါ ကူးစက္မႈအႏၲရာယ္ကို ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ အာဖရိကႏုိင္ငံေတာင္ပုိင္း ၈ ႏုိင္ငံက ခရီးသြားေတြကို ျပည္၀င္ခြင့္ ကန္႔သတ္ထားတာကို လာမယ့္ ႏွစ္သစ္ကူးအႀကိဳေန႔မွာ ႐ုပ္သိမ္းေပးမယ့္အေၾကာင္း ေသာၾကာ ေန့မွာအေမရိကန္သမတအိမ္ျဖူေတာ္က ထုတ္ျပန္ေၾကျငာပါတယ္။

အာဖရိကတိုက္ ေတာင္ပိုင္း ႏိုင္ငံတခ်ဳိ႕မွာ Omicron ေရာဂါပိုးသစ္ ကူးစက္မွုေတြ့ရွိေၾကာင္းအတည္ျပုခ်က္ ထြက္ေပၚခဲ့ၿပီးေနာက္ ေတာင္အာဖရိက၊ ေဘာ္စ၀ါနာ၊ ဇင္ဘာေဘြ၊ နမ္ဘီယာ၊ လီဆုိတုိ၊ အက္စ၀ါတီနီ၊ မုိဇမ္ဘစ္ နဲ့ မာလ၀ီ ႏုိင္ငံေတြကေနအေမရိကန္ျပည္ေထာင္စကုိ လာေရာက္မယ့္ အေမရိကန္ ႏုိင္ငံသားမဟုတ္တဲ့ ခရီးသြားေတြအေပၚ ကန္႔သတ္မွုေတြကုိ ႏုိ၀င္ဘာလ ၂၉ ရက္ေန့ကခ်မွတ္ခဲ့တာပါ။

ခရီးသြားေတြအေပၚ ကန္႔သတ္ခ်က္ေတြ ျပန္႐ုပ္သိမ္းဖို႔ အေမရိကန္ေရာဂါကာကြယ္ေရးနဲ့ထိန္းခ်ဳပ္ေရးဌာန CDC က ေထာက္ခံခ်က္ ေပးခဲ့ေၾကာင္းလည္း အေမရိကန္သမတအိမ္ျဖဴေတာ္ေျပာခြင့္ရပုဂၢိဳလ္ Kevin Munoz က တြစ္တာမွာေဖၚျပခဲ့ပါတယ္။

ခရီးသြားေတြအေပၚ ကန္႔သတ္ခ်က္ေတြေၾကာင့္ Omicron ပုိးကုိနားလည္ေအာင္ ေလ့လာဖုိ့အခ်ိန္ကာလတခုရရွိခဲ့ၿပီး လက္ရွိသုံးေနတဲ့ ကာကြယ္ေဆးေတြဟာ Omicron ကုိဗစ္မ်ိဳးကဲြကုိကာကြယ္ရာမွာ ထိေရာက္မႈရွိတယ္လို႔ ပညာရွင္ေတြ ယူဆထားေၾကာင္းလည္း ေျပာပါတယ္။

အခုအခါ Omicron မ်ိဳးကဲြသစ္ဟာ ကာကြယ္ေဆးထုိးထားသူေတြအပါအ၀င္ အေမရိ ကန္ျပည္ေထာင္စုအတြင္းအလ်င္အျမန္ကူးစက္ေနၿပီး၊ ေဆးရုံတင္ရသူ အမ်ားစုကေတာ့ ကာကြယ္ေဆးထုိးမထားသူေတြျဖစ္တယ္လုိ့ သမတအိမ္ျဖူေတာ္ေျပာ ခြင့္ရပုဂၢိဳလ္ကတြစ္တာမွာေရးသားေဖၚျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အာဖရိက ၈ နိုင်ငံက ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ အမေရိကန်ပြန်ရုပ်မည်

ကိုဗစ်ရောဂါ ကူးစက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အာဖရိကနိုင်ငံတောင်ပိုင်း ၈ နိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့် ကန့်သတ်ထားတာကို လာမယ့် နှစ်သစ်ကူးအကြိုနေ့မှာ ရုပ်သိမ်းပေးမယ့်အကြောင်း သောကြာ နေ့မှာအမေရိကန်သမတအိမ်ဖြူတော်က ထုတ်ပြန်ကြေငြာပါတယ်။

အာဖရိကတိုက် တောင်ပိုင်း နိုင်ငံတချို့မှာ Omicron ရောဂါပိုးသစ် ကူးစက်မှုတွေ့ရှိကြောင်းအတည်ပြုချက် ထွက်ပေါ်ခဲ့ပြီးနောက် တောင်အာဖရိက၊ ဘော်စဝါနာ၊ ဇင်ဘာဘွေ၊ နမ်ဘီယာ၊ လီဆိုတို၊ အက်စဝါတီနီ၊ မိုဇမ်ဘစ် နဲ့ မာလဝီ နိုင်ငံတွေကနေအမေရိကန်ပြည်ထောင်စကို လာရောက်မယ့် အမေရိကန် နိုင်ငံသားမဟုတ်တဲ့ ခရီးသွားတွေအပေါ် ကန့်သတ်မှုတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့ကချမှတ်ခဲ့တာပါ။

ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ ပြန်ရုပ်သိမ်းဖို့ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဌာန CDC က ထောက်ခံချက် ပေးခဲ့ကြောင်းလည်း အမေရိကန်သမတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Kevin Munoz က တွစ်တာမှာဖေါ်ပြခဲ့ပါတယ်။

ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေကြောင့် Omicron ပိုးကိုနားလည်အောင် လေ့လာဖို့အချိန်ကာလတခုရရှိခဲ့ပြီး လက်ရှိသုံးနေတဲ့ ကာကွယ်ဆေးတွေဟာ Omicron ကိုဗစ်မျိုးကွဲကိုကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ ပညာရှင်တွေ ယူဆထားကြောင်းလည်း ပြောပါတယ်။

အခုအခါ Omicron မျိုးကွဲသစ်ဟာ ကာကွယ်ဆေးထိုးထားသူတွေအပါအဝင် အမေရိ ကန်ပြည်ထောင်စုအတွင်းအလျင်အမြန်ကူးစက်နေပြီး၊ ဆေးရုံတင်ရသူ အများစုကတော့ ကာကွယ်ဆေးထိုးမထားသူတွေဖြစ်တယ်လို့ သမတအိမ်ဖြူတော်ပြော ခွင့်ရပုဂ္ဂိုလ်ကတွစ်တာမှာရေးသားဖေါ်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG