သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်း ၆၀၀ ဆုထီဖွင့်ပွဲ အမေရိကန်တွေ စိတ်လှုပ်ရှား


အမေရိကန် ပါဝါဘောလ် ထီလက်မှတ်။
အမေရိကန် ပါဝါဘောလ် ထီလက်မှတ်။
အမေရိကန်နိုင်ငံတဝှမ်းမှာတော့ လူတွေအတော်များများဟာ Powerball လို့ခေါ်တဲ့ အမေရိကန် ထီဖွင့်ပွဲအတွက်ကို အလွန်ကို စိတ်လှုပ်ရှားနေကြပါတယ်။

အမေရိကန်ပြည်နယ်အတော်များများမှာ ရောင်းချနေတဲ့ ဒီ Powerball ထီ ပထမ ဆုဟာ အခုဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိသွားပြီဖြစ်ပါတယ်။ တစောင်ကို ၂ ဒေါ်လာပေးရပြီး နာရီတိုင်းမှာ ရောင်းချရတဲ့အားက သန်းနဲ့ ချီရှိပါတယ်။

Powerball ထီရဲ့ ပထမဆုကြေးဟာ သန်း ၆၀၀ ကျော်သွားနိုင်ခြေရှိတယ်လို့ လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ Jackpot လို့ခေါ်တဲ့ ပထမဆုကို ရဖို့အတွက်ဆိုရင်တော့ ဂဏန်း ၅ လုံး နဲ့ Powerball အထူးနံပါတ် ၁ လုံး၊ စုစုပေါင်း ၆ လုံး တူရမှာဖြစ်ပါတယ်။ ထီပေါက်နိုင်ခြေကတော့ ၁၇၅ သန်းမှာ ၁ ယောက်ဖြစ်ပါတယ်။

အမေရိကန်သမိုင်းမှာ ထီဆုကြေးအများဆုံးပေါက်သွားခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် ကဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၅၆ သန်းကို လူ ၃ ယောက် ခွဲပြီး ယူခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဆုကြေးအများဆုံး ထီဆုကတော့ စပိန်နိုင်ငံက El Gordo ဖြစ်ပြီး ပြီးခဲ့နှစ်က လူထောင်ပေါင်းများစွာက ဆုကြေး ၃ ဘီလီယံကို ခွဲဝေယူခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG