သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လစ်ဗျားရောက်


နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လစ်ဗျားရောက်
နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လစ်ဗျားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ အင်္ဂါနေ့မှာ လစ်ဗျားကို ရောက်ရှိလာပြီး လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ခုချိန်မှာ လစ်ဗျား ကြားဖြတ်အစိုးရသစ်ရဲ့ တပ်တွေက ခေါင်းဆောင်ဟောင်း မွမ်မာဂဒါဖီ ရဲ့ နောက်ဆုံးလက်ကျန်ခြေကုပ်စခန်းကို တရကြမ်းထိုးစစ်ဆင်တာတွေ စတင်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဝန်ကြီးကလင်တန်ဟာ လစ်ဗျားမြို့တော် ထရီပိုလီမှာ ဒဏ်ရာရနေတဲ့ စစ်သားတွေကို ဆေးဝါးကုသမှု အကူအညီပေးဖို့နဲ့ ပညာရေး အစီအစဉ်တွေအတွက် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာသော ငွေကြေးအကူအညီ အသစ်တွေပေးမယ့် အာမခံချက်တွေ ပေးခဲ့ပါတယ်။ ခေါင်းဆောင်ဟောင်း ဂဒါဖီအစိုးရ ရဲ့ တပ်တွေ သိုလှောင်ထားတဲ့ လက်နက်တွေရဲ့ လုံခြုံရေးနဲ့ ဓာတုလက်နက်ဖျက်ဆီးရေးတွေအတွက်လည်း ငွေကြေးအကူညီတွေ ပိုပေးသွားမယ်လို့လည်း ဝန်ကြီး ကလင်တန်က ပြောပါတယ်။

လစ်ဗျားမှာ ပဋိပက္ခတွေ စဖြစ်ပွားကတည်းက ဆိုရင် အမေရိကန်က လစ်ဗျားကို အကူအညီပေးခဲ့တာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၅ သန်းရှိပြီလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

ဝန်ကြီးကလင်တန်ဟာ ကြားဖြတ်အစိုးရဝန်ကြီးချုပ် Mamhud Jibril အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီဥက္ကဋ္ဌ Mustafa Abdel Jalil တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်ဟောင်း ဂဒါဖီကို ဆန့်ကျင်ဆန္ဒပြကြတဲ့ လူထု အုံကြွ မှုကြီး စတင် ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကဆိုရင် ဝန်ကြီးကလင်တန်ဟာ လစ်ဗျားကို လာရောက်တဲ့ အမေရိကန်အစိုးရထဲမှာ အဆင့်မြင့်ဆုံး အရာရှိပဲ ဖြစ်ပါတယ်။

Mr. Jibril နဲ့ မနေ့က တွေ့ဆုံတဲ့ ညီလာခံအသစ်ထဲမှာတော့ ဝန်ကြီးကလင်တန်က ဒါဟာ လစ်ဗျား လွတ်မြောက်ရေးဘက်ကနေ ရပ်တည်ရေးအတွက် ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး လစ်ဗျားနိုင်ငံ အသ်မွေးဖွားဖို့အတွက် အနာဂတ်အသစ်ကို မြင်ရဖို့ အခွင့်အရေးပါပဲလို့လည်း ပြောပါတယ်။

မစ္စကလင်တန်ဟာ နောက်ပိုင်းမှာတော့ ကျောင်းသားတွေ လူမှုခေါင်းဆောင်တွေ နဲ့လည်း ထရီပိုလီ မြို့တော်က တက္ကသိုလ် တခုမှာ တွေ့ဆုံဖို့ရှိပါတယ်။

XS
SM
MD
LG