သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျမှာ စစ်ရေးလေ့ကျင့်မှုအတွင်း လေယာဉ်ပျက်ကျ အမေရိကန်မရိန်း ၃ ဦးသေ

A helicopter takes off following U.S. military aircraft crash in Darwin, Australia, August 27, 2023.
A helicopter takes off following U.S. military aircraft crash in Darwin, Australia, August 27, 2023.

သြစတြေးလျနိုင်ငံမြောက်ပိုင်းက ကျွန်းပေါ်မှာ ဒီကနေ့ စစ်ရေးလေ့ကျင့်ရင်း လေယာဉ်ပျက်ကျရာက အမေရိကန် မရိန်းစစ်သည် ၃ ဦး သေဆုံးပြီး၊ ၂၀ ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Melville ကျွန်းမှာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်က V-22 Osprey လေယာဉ်ပျက်ကျရာက လိုက်ပါလာသူ ၂၃ ဦးအနက် ၃ ဦးသေဆုံးပြီး၊ ကျန်ဒဏ်ရာရသူတွေထဲက ၅ ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရတာကြောင့် မိုင် ၅၀ လောက်အကွာမှာရှိတဲ့ ဒါဝင်မြို့က ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့လည်း အမေရိကန် မရိန်းတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး၊ ရှာဖွေရေးတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။ ကျန်ဒဏ်ရာရသူတွေကိုလည်း လေကြောင်းကနေ ပြန်လည်သယ်ယူဖို့ စီစဉ်ခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီးကလည်း ပြောပါတယ်။

အမေရိကန်၊ သြစတြေးလျ၊ အင်ဒိုနီးရှား။ ဖိလစ်ပိုင်နဲ့ အရှေ့တီမော တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆမှုမှာ သေကြေထိခိုက်သူတွေ အားလုံးဟာ အမေရိကန်တွေ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် Anthony Albanese ကပြောပါတယ်။

This item is part of
XS
SM
MD
LG