သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက်ပြည်နယ်မှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံမှု တဦး သေဆုံး 


Measles Outbreak
Measles Outbreak

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အနောက်ပိုင်းမှာ ဝက်သက်ရောဂါနဲ့ ဆေးရုံတင်ထားရသူတဦး သေဆုံးသွားတဲ့အတွက် ဒါဟာ လွန်ခဲ့တဲ့ လနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဝက်သက်ရောဂါနဲ့ပထမဆုံး သေဆုံးရမှု ဖြစ်ပါတယ်။ Texas Tech တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနက ပြောရေးဆိုခွင့်ရှိသူ Melissa Whitfield က သေဆုံးမှုကို ဗုဒ္ဓဟူးနေ့က အတည်ပြုပါတယ်။

သေဆုံးသွားတဲ့ လူနာရဲ့ အသက်အရွယ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Lubbock မြို့Covenant ကလေးဆေးရုံကို အေပီ သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် လတ်တလော တုံ့ပြန်ချက် မသိရသေးဘူးလို့ ဆိုပါတယ်။ တက္ကဆက်ပြည်နယ်အနောက်ပိုင်းက ကျေးလက်ဒေသက ခရိုင် ၉ ခု မှာ ဝက်သက်ရောဂါ ကူးစက်ခံရသူ ၁၂၄ ဦးအထိ တိုးလာကြောင်း ပြည်နယ်ကျန်းမာရေးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။

နယူးမက္ကဆီကို ပြည်နယ် အရှေ့ပိုင်းမှာလည်း ရောဂါဖြစ်ပွားမှု ၉ ခုရှိပါတယ်။ ဝက်သက်ဖြစ်ပွားစေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ဟာ လေထုထဲမှာ နှစ်နာရီအထိ အသက်ရှင်နိုင်ပါတယ်။ ရောဂါကူးစက်ခံရနိုင်ခြေရှိတဲ့ အခြေအနေမျိုးမှာ လူ ၁၀ ဦး မှာ ၉ ဦးအထိ ဗိုင်းရပ်စ်ကူးစက်နိုင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ပြောပါတယ်။

ကလေးအများစုဟာ ဝက်သက်ဖြစ်ရင်ပြန်ကောင်းလာတတ်ပေမယ့် ရောဂါပိုးကူးစက်မှုကြောင့် အဆုတ်ရောင်ခြင်း၊ မျက်စိကွယ်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းနဲ့ အသက်သေဆုံးနိုင်တဲ့ အထိ အန္တရာယ် ဖြစ်ပေါ်စေနိုင်ပါတယ်။ လက်ရှိမှာတော့ ရောဂါ အဓိက ဖြစ်ပွားနေတဲ့ ဒေသဟာ တက္ကဆက်က Mennonite ရှေးရိုးခရစ်ယာန် အသိုင်းအဝိုင်းထဲမှာ ဖြစ်ပါတယ်။ အဲဒီက မြို့ငယ်လေးတွေမှာ ကြီးမားကျယ်ပြန့်တဲ့ ရေနံတူး လုပ်ငန်းတွေ ခြားပေမယ့် ဒေသခံတွေကြားမှာ အလုပ်၊ ဘုရားကျောင်း၊ စျေးဝယ်နဲ့ အခြားနေ့စဉ်အလုပ်ကိစ္စတွေအတွက် ကူးလူးဆက်သွယ် ချိတ်ဆက်နေကြတာဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်မှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံမှု တဦး သေဆုံး 
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG