သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Memorial Day မှာ အမေရိကန်စစ်သည်တွေကို သမ္မတ အိုဘားမား ဂုဏ်ပြုမည်


 အာလင်တန် အမျိုးသား စစ်သချုႋင်းမှာ Memorial Day အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်ကျင်းပ။
အာလင်တန် အမျိုးသား စစ်သချုႋင်းမှာ Memorial Day အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်ကျင်းပ။

အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ စစ်သည်တော်တွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ကျင်းပမယ့် Memorial Day အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် အခန်းအနားတော်တော်များများကို အမေရိကန်သမ္မတ Barack Obama တက်ရောက်ဖို့ ရှိနေပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်သည်တွေ၊ စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ အဆင့်မြင့် စစ်ဖက်အရာရှိတွေကို အိမ်ဖြူတော်မှာ ဒီကနေ့မနက်ပိုင်း မနက်စာနဲ့ တည်ခင်းဧည့်ခံမှာပါ။ အဲဒီနောက် အာလင်တန် အမျိုးသား စစ်သချုႋင်းမှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ပြီး အညတရ စစ်သည်ဂူဗိမာန်မှာ လွမ်းသူပန်းခွေချမှာပါ။ အမေရိကန်ပြည်ထောင်စုမှာ မေလရဲ့နောက်ဆုံး တနင်္လာနေ့ကို နိုင်ငံတော် အားလပ်ရပ် အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ် ကျင်းပပါတယ်။ အသက်စွန့်လွှတ် တိုက်ပွဲဝင်ခဲ့တဲ့ ကျဆုံး စစ်သည်တော်တွေရဲ့ စွန့်လွှတ်မှု ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှာ ပြန်ပေးဆပ်လို့ ကုန်မှာ မဟုတ်ဘူးလို့လည်း သမ္မတက သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

လူ ၆ သိန်းကျော် သေဆုံးခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်အပြီး ၃ နှစ်အကြာ ၁၈၆၈ ခုနှစ်ကစလို့ အာလင်တန် စစ်သချုႋင်း မှာ ကျဆုံးသူတွေရဲ့ ဂူဗိမာန်၊ သချုႋင်း မြေပုံတွေမှာ အလံငယ်လေးတွေစိုက်ထူသလို ပန်းစည်း ပန်းခွေတွေနဲ့ ဆင်ယင်ထားရာကနေ နောက်ပိုင်းမှာ အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကျင်းပလာတာပါ။

အောက်မေ့ဖွယ်နေ့ကို နွေရာသီအားလပ်ရက်ရာသီအဖြစ်လည်း မှတ်ယူထားကြပြီး သီတင်းပတ်ကုန် ၃ ရက်ကြာ ပိတ်ရက်ရှည်ဖြစ်တာကြောင့် အမေရိကန်မိသားစုတွေဟာ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ တွေ့ဆုံပြီး ပျော်ပွဲစားကျင်းပသလို ပန်းခြံတွေ၊ အပန်းဖြေညအိပ်စခန်းတွေနဲ့ ပင်လယ်ကမ်းခြေတွေကို သွားရောက်လေ့ ရှိပါတယ်။

Memorial Day မှာ အမေရိကန်စစ်သည်တွေကို သမ္မတ အိုဘားမား ဂုဏ်ပြုမည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG