သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်းကျဆုံးခဲ့သူတွေကို အမေရိကန်နိုင်ငံမှာ ဂုဏ်ပြု

Crews demolish one of the damaged buildings at the site of the May 11 blast, in Reyhanli, Hatay province, May 15, 2013.
Crews demolish one of the damaged buildings at the site of the May 11 blast, in Reyhanli, Hatay province, May 15, 2013.

ဒီတပတ် ရုံးပိတ်ရက်ဟာ အမေရိကန်မှာ စစ်အတွင်း ကျဆုံးသွားသူတွေအတွက် ရည်ရွယ်ထားတဲ့အတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေ၊ အလှပြ ချီတက်ပွဲတွေကို မြို့တော်အပါအဝင် နိုင်ငံအနှံ့မှာ ကျင်းပနေကြပါတယ်။

မေလရဲ့ နောက်ဆုံးသီတင်းပတ် တနင်္လာနေ့ကို Memorial Day အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံအတွက် အသက်ပေးသွားကြတဲ့ စစ်သား စစ်သမီးတွေကို ဂုဏ်ပြုကြတာပါ။

ဝါရှင်တန်ဒီစီ (Washington DC) မြို့တော်မှာရှိတဲ့ အထင်ကရ အာလင်တန် (Arlington) စစ်သချုႋင်း အပါအဝင် နိုင်ငံတဝန်းမှာရှိတဲ့ စစ်သချုႋင်းတွေက အုတ်ဂူတွေမှာ တချို့သူတွေက အမေရိကန် အလံတွေကို အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ကိုယ့်သဘောနဲ့ကိုယ် လာပြီး စိုက်ထူကြပါတယ်။

ဗွီအိုအေရုံးနဲ့ သိပ်မဝေးတဲ့ အမျိုးသားရင်ပြင်မှာ အောက်မေ့ဖွယ် စင်တင် ဂီတဖျော်ဖြေပွဲကို ပြုလုပ်နေပါတယ်။ ဒီပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကောလင်း ပါဝဲလ် (Colin Powell) အပါအဝင် တာဝန်က အနားယူသွားကြတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ တခြား ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးက ထောင်နဲ့ချီတဲ့ မော်တော်ဆိုင်ကယ်သမားတွေ စုပေါင်းထားတဲ့ Rolling Thunder ဆိုင်ကယ်သမား အုပ်ကြီးကလည်း စစ်ပြန် စစ်မှုထမ်းတွေရဲ့အရေး၊ ရှေ့တန်းမှာ ပျောက်ဆုံးသွားသူတွေရဲ့ အရေးကို မမေ့ကြဖို့ အသိပေးတဲ့ အနေနဲ့ ဝါရှင်တန်မြို့တော်မှာ လာရောက်စုဝေးကြပြီး ဆိုင်ကယ်တွေကို စီတန်းမောင်းနှင် လှည့်လည်ကြပါတယ်။ ဒီဆိုင်ကယ်သမား အုပ်စုကြီးကို ကာကွယ်ဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) နဲ့ ပူးတွဲစစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) ကလည်း မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

ဒီနေ့ တနင်္လာနေ့အထိ ၃ ရက်ဆက်တိုက် ရုံးပိတ်တဲ့ အောက်မေ့ဖွယ် အထိမ်းအမှတ် ရုံးပိတ်ရက်မှာ ပျော်ပွဲစားထွက်ကြသူတွေ၊ ပင်လယ်ကမ်းခြေသွား အနားယူကြသူတွေလည်း ရှိတာမို့ ဒီရုံးပိတ်ရက်မှာ ကျဆုံးသွားသူတွေကို အမှတ်ရဖို့ထက် အပန်းဖြေကြတဲ့ဘက်ကို ပိုရောက်သွားမှာ စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။

This item is part of
XS
SM
MD
LG