သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးစစ်သည် အောက်မေ့ဘွယ်နေ့ အမေရိကန်တဝှမ်း ကျင်းပ


အမေရိကန်နိုင်ငံ ပါဝင်ခဲ့တဲ့ စစ်ပွဲတွေအတွင်း ကျဆုံးသွားကြတဲ့ စစ်သည်တော်တွေကို အမှတ်ရ ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ကျင်းပတဲ့ Memorial Day ခေါ် ကျဆုံးလေပြီးသော စစ်သည်တော်များနေ့ကို အခမ်းအနားအတွက် အမေရိကန် နိုင်ငံသားတွေ တနင်္လာနေ့မှာ အားလပ်ရက်အဖြစ် သတ်မှတ်ပြီး အနားယူကြပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာလည်း ကျဆုံးလေပြီးသော စစ်သည်တော်များနေ့မှာ ပါဝင်ဆင်နွှဲတဲ့အနေနဲ့ ဝါရှင်တန်ဒီစီမြို့ပြင်မှာရှိတဲ့ Arlington အမျိုးသား စစ်သချုႋင်းမှာ လွမ်းသူ ပန်းခွေချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သမ္မတက တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြတဲ့ စစ်သည်တော်တွေကို အမှတ်ရအောက်မေ့စေတဲ့ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

အမျိုးသားစစ်သချုႋင်းမှာရှိတဲ့ အုတ်ဂူပေါင်း ၂ သိန်း ၆ သောင်းမှာ စစ်သားတွေက အမေရိကန်အလံကို ချခဲ့ကြပါတယ်။

သမ္မတနဲ့ သမ္မတကတော် မီရှဲ အိုဘားမား (Michelle Obama) တို့က ကျဆုံးသွားတဲ့ စစ်သည်တော်တွေရဲ့ မိသားစုတွေကို အိမ်ဖြူတော်မှာ မနက်စာနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။

ကျဆုံးလေပြီးသော စစ်သည်တော်များနေ့ အထိမ်းအမှတ်အဖြစ်နဲ့ Rolling Thunder လို့ခေါ်တဲ့ ထောင်နဲ့ချီတဲ့ မော်တော်ဆိုင်ကယ်စီးသူတွေ တနင်္ဂနွေနေ့က ဝါရှင်တန်ဒီစီ မြို့တော်ကို ချီတက်ခဲ့ကြပါတယ်။ နှစ်စဉ်ပြုလုပ်တဲ့ ဒီအခမ်းအနားကို တက်ရောက်ဖို့ ထောင်နဲ့ချီတဲ့ မော်တော်ဆိုင်ကယ်တွေ တနင်္ဂနွေနေ့မှာ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ ဗီယက်နမ်စစ်ပွဲ အမှတ်ရ အောက်မေ့ဘွယ်နေရာအနီး စုဝေးခဲ့ကြပါတယ်။
XS
SM
MD
LG