သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ကလေးအဖေတွေက ကလေးမရှိသူတွေထက် ပိုပြီး ပညာတတ်သတဲ့


အမေရိကန်ပြည်ထောင်စုမှာ ကလေးရှိတဲ့ ဖခင်တွေက ကလေးမရှိတဲ့ အမျိုးသားတွေထက် ပညာ ပိုတတ်ကြတယ်လို့ အမေရိကန်ထုတ် စစ်တမ်း တစောင်မှာ ပြောဆိုလိုက်ပြီး အမျိုးသားတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဖခင်တွေ ဖြစ်ကြတယ်လို့ ဖေါ်ပြပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ဖခင်များနေ့အတွက် ရည်ရွယ်ပြီး U.S. Census ဗျူရိုက ဒီသီတင်းပတ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်တာပါ။

ဒီစစ်တမ်းကို ၂၀၁၄ ခုနှစ်ကစတင်ခဲ့ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်မှု နောက်ကြောင်းကို မေးမြန်းပြုစုခဲ့တာပါ။ ဒီစစ်တမ်းဟာ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေ ဘယ်လောက် မျိုးအောင်ဖွားမြင်နိုင်သလဲ ဆိုတာကို မီးမောင်းထိုးပြဖို့ ဖြစ်ပါတယ်။

အမေရိကန်မှာရှိတဲ့ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသားတွေရဲ့ လေးပုံ တပုံဟာ ကလေးမရှိကြပဲ သူတို့ထဲက ၁၇ ရာခိုင်နှုန်းဟာ အသက် ၄၀ အထိ အိမ်ထောင်မကျခဲ့ကြဘူးလို့ ဆိုပါတယ်။

အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေရဲ့ ၁၆ ရာခိုင်နှုန်း နီးပါးဟာ ကလေးမရှိဘဲ ၁၄ ရာခိုင်နှုန်းက အိမ်ထောင်မရှိဘူးလို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG