သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနယ်စပ်လုံခြုံရေး လိုအပ်ရင် လက်နက်သုံးခွင့်ပေး


အမေရိကန် Mexico နယ်စပ်ကို ပို့ထားတဲ့တပ်ဖွဲ့တွေကို တရားဥပဒေစိုးမိုးရေးလုပ်ရပ်တွေ လုပ်နိုင်ဖို့ Trump အစိုးရက လုပ်ခွင့်ပေးထားတဲ့အပြင် လိုအပ်ရင် လက်နက်သုံးခွင့်ကိုပါ ပေးထားပါတယ်။ သိပ်တင်းကြပ်မထားတဲ့ တပ်ဖွဲ့ဝင်တွေလိုက်နာရမယ့်စည်းကမ်းအမိန့်ကို သမ္မတအစား အိမ်ဖြူတော်အရာရှိချုပ်လက်မှတ်နဲ့ ပေးပို့ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Jim Mattis ကဗုဒ္ဓဟူးနေ့က အတည်ပြုပြောခဲ့ပါတယ်။

စစ်ရဲတွေအနေနဲ့ ဒိုင်းတွေ လက်ကိုင်တုတ်တွေကိုပဲ အသုံးပြုမှာဖြစ်တယ်လို့ ဝန်ကြီး Mattis ကပြောပြီး ပြစ်ခတ်ခွင့်ပေးထားတဲ့ အိမ်ဖြူတော်ရဲ့အမိန့်ကို သိပ်မထူးခြားသလို လျော့ပြောခဲ့ပါတယ်။ နယ်စပ်မှာချထားတဲ့တပ်ဖွဲ့ဝင်အများစုကို လက်နက်တပ်ဆင် မထားဘူးလို့လည်းဆိုပါတယ်။ စစ်တပ်အနေနဲ့ နယ်စပ်မှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ နောက်ဆုံးအမိန့်က သူ့ဆီမှာသာရှိတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

Mexico ဖက်ကတရားမဝင် ဝင်ရောက်လာမယ့်သူတွေကို တားဆီးနိုင်ဖို့ သမ္မတ Trump ကတပ်သား ၅ ထောင့် ၈ ရာနဲ့ အရန်တပ်ဖွဲ့ဝင် ၂ ထောင့် ၁ ရာကို နယ်စပ်ဒေသမှာ ဖြန့်ချထားပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်ထဲက ပြဌာန်းထားတဲ့ ဥပဒေအရ အမေရိကန်တပ်တွေအနေနဲ့ အမေရိကန်နယ်နိမိတ်အတွင်း တိုက်ခိုက်ရေးဆောင်ရွက်မှုတွေ လုပ်ခွင့်မရှိပါဘူး။

မက္ကဆီကိုနယ်စပ်လုံခြုံရေး လိုအပ်ရင် လက်နက်သုံးခွင့်ပေး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG