သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်နဲ့ တူနီးရှားနိုင်ငံက အမေရိကန်သံတမန်တချို့ ဌာနေပြန်ခေါ်


အမေရိကန်အလံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ ကင်ညာ မူစလင်အဖွဲ့တခု။ (စက်တင်ဘာလ ၁၆၊ ၂၀၁၂)။
အမေရိကန်အလံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ ကင်ညာ မူစလင်အဖွဲ့တခု။ (စက်တင်ဘာလ ၁၆၊ ၂၀၁၂)။
ဆူဒန်နဲ့ တူနီးရှားမှာရှိတဲ့ အမေရိကန်သံရုံးတွေက သံရုံးဝန်ထမ်း မိသားစုတွေနဲ့ သံရုံးမှာ မရှိမဖြစ်သူကလွဲလို့ ဝန်ထမ်းအားလုံး အဲဒီနိုင်ငံတွေကနေ ပြန်လည်ထွက်ခွာဖို့ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးမှာ အမေရိကန်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ အရှိန်မြင့်လာတာကြောင့် အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ခရီးသွားလာရာမှာ သတိထားဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက နိုင်ငံသားတွေကို သတိပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်တဲ့ မူစလင်ဆန့်ကျင်ရေး ဗွီဒီယိုရုပ်ရှင်ကား အင်တာနက်မှာ တက်လာတာကြောင့် အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတဝှမ်း အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီ ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်တယ်လို့ စွပ်စွဲခံရသူကိုတော့ အခု ကယ်လီဖိုးနီးယားမှာရှိတဲ့ အမေရိကန် အာဏာပိုင်တွေက စနေနေ့တုန်းက ခေါ်ယူမေးမြန်း နေပါတယ်။ အချို့ မူစလင်နိုင်ငံတွေမှာတော့ ဒီနေ့ စနေနေ့မှာ အခြေအနေတွေ ပြန်လည် ငြိမ်သက်သွားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ လစ်ဗျားမှာ ဆန္ဒပြအကြမ်းဖက်မှုတွေကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Christopher Stevens နဲ့ အမေရိကန်ဝန်ထမ်းသုံးဦး သတ်ဖြတ်ခံရပါတယ်။ ဒီနောက် ဆန္ဒပြသူတွေလည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ယီမင်မှာရှိတဲ့ အယ်ခိုင်ဒါးအဖွဲ့ ကတော့ အမေရိကန်သံရုံးတွေကို အကြမ်းဖက် တိုက်ခိုက်ကြဖို့ဆိုပြီး လှုံ့ဆော်နေပါတယ်။ ဆူဒန်မှာတော့ ကာတွန်မြို့မှာ ဆူဒန်ရဲတပ်ဖွဲ့တွေ စနေ့နေ့မှာ ကင်းလှည့် စောင့်ကြပ်နေပါတယ်။ အဲဒီမှာတော့ တနေ့က ဗြိတိန်၊ ဂျာမနီနဲ့ အမေရိကန်သံရုံးတွေ အကြမ်းဖက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ သံရုံး အကာအကွယ်ပေးဖို့ အမေရိကန်က သူ့မရိန်းတပ်သားတွေ စေလွှတ်ဖို့ မေတ္တာရပ်ခံချက်ကိုတော့ ဆူဒန်နိုင်ငံခြားရေး ဝန်ကြီးက ငြင်းပယ်ပါတယ်။

တူနီးရှားမှာတော့ အကြမ်းဖက်မှုတွေကို တူနီးရှား နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချပြီး၊ သံရုံးတွေကို အကာအကွယ် ပေးသွားမယ်လို့ ဆိုပါတယ်။ အီဂျစ်မှာတော့ ဆန္ဒပြမှုတွေဖြစ်ပြီး ရဲနဲ့အဓိကရုဏ်းကြောင့် ဆန္ဒပြသူတဦး သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG