သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လုံခြုံရေး အရှေ့ အလယ်ပိုင်း ဆွေးနွေးပွဲ အတွက် အရေးပါ


အီရန်သမ္မတ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အစ္စရေးဝန်ကြီးချုပ်။
အီရန်သမ္မတ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အစ္စရေးဝန်ကြီးချုပ်။
အစ္စရေးနိုင်ငံရဲ့ လုံခြုံမှုရေးဟာ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတွက်ရော အီရန်ရဲ့ နျူကလီယားပြဿနာ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုတွေ အတွက်ပါ အဓိကအရေးပါတဲ့ အချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry ကပြောကြားလိုက်ပါတယ်။ ဝန်ကြီး ကယ်ရီဟာ ကြာသပတေးနေ့ မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဂျေရူစလင်မြို့ မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်က နျူကလီယားလက်နက် ထုတ်လုပ်နိုင်ချေ လုံးဝရပ်ဆိုင်းသွားစေဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အီရန်နဲ့ ရေရှည်ခိုင်မာတဲ့သဘောတူညီချက်တွေ ရသွားအောင် ရည်မှန်းချက်ထား လုပ်ဆောင်ဖို့လည်း အမေရိကန်နဲ့အစ္စရေးတို့ သဘောတူခဲ့ကြတယ်လို့ ဝန်ကြီးကယ်ရီကပြောပါတယ်။
ပြီးခဲ့တဲ့လထဲ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့ကြား ရရှိခဲ့တဲ့ ယာယီသဘောတူညီချက်နဲ့ ပါတ်သက်ပြီး သူ့အနေနဲ့လက်မခံနိုင်ကြောင်း မစ္စတာနာတန်ရာဟူးက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီယာယီသဘောတူညီချက်အရ အီရန်က သူလုပ်ဆောင်နေတဲ့ ယူရေနီယမ် သန့်စင်မှုလုပ်ငန်းတချို့ကို ရပ်ဆိုင်းပစ်ပြီး သူ့လုပ်ငန်းတွေ အတွက် နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခွင့်တွေပေးရမှာဖြစ်သလို အပြန်အလှန်အနေနဲ့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတချို့ကို ရုတ်သိမ်းပေးရမှာဖြစ်ပါတယ်။

အစ္စရေးကတော့ အီရန်နိုင်ငံက နျူကလီယားလက်နက်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာတွေ အားလုံး ရပ်ပစ်တာသေချာတဲ့အထိ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ဒီအတိုင်းထားစေချင်တာပါ။
XS
SM
MD
LG