သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထက်လွှတ်တော်ရွေးကောက်ပွဲ ဒီမိုကရက် ဆုံးရှုံးမှုကြီးမား


အမေရိကန်နိုင်ငံတဝှမ်းက မဲဆန္ဒရှင်တွေဟာ အခရာကျတဲ့ လွှတ်တော် ကြားကာလသက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲပေးနေကြပြီ ဖြစ်ပါတယ်။ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ နောက်ဆုံး ၂ နှစ် သက်တမ်းကာလအတွင်း ဒီမိုကရက်ပါတီနဲ့ ရီပတ်ပလစ်ကန်ပါတီ ၂ ပါတီအနက် ဘယ်ပါတီက လွှတ်တော်ကို ထိန်းချုပ်မလဲဆိုတာကို ဆုံးဖြတ်မှုပေးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။

အမတ်နေရာ ၄၃၅ နေရာရှိတဲ့ အောက်လွှတ်တော်က အမတ်နေရာအားလုံးနဲ့ အမတ်နေရာ ၁၀၀ ရှိတဲ့ အထက်လွှတ်တော်က နေရာ ၃ ပုံ ၁ ပုံအတွက် အခုရွေးကောက်ပွဲမှာ မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။

အဓိက အာရုံစိုက်ရမှာကတော့ အထက်လွှတ်တော် ဖြစ်ပါတယ်။ သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်ပါတီက အမတ်နေရာ ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ၅၅ နေရာကို ရထားပေမဲ့လည်း အခုရွေးကောက်ပွဲမှာ ရီပတ်ပလစ်ကန်ပါတီက ထိန်းချုပ်နိုင်တဲ့ အခြေအနေရရှိဖို့ လိုအပ်တဲ့ အမတ် ၆ နေရာ ထပ်တိုးပြီး အနိုင်ရနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ နိုင်ငံရေး သုံးသပ်သူ တော်တော်များများက ခန့်မှန်းကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သမ္မတ အိုဘားမားပြန်ပြီး သမ္မတအဖြစ် ပြန်ရွေးချယ်ခံခဲ့ရပေမဲ့၊ ရွေးကောက်ပွဲမှာ အရေးမလှခဲ့တဲ့ ပြည်နယ်တွေမှာ ရီပတ်ပလစ်ကန်ပါတီအတွက် အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီရွေးကောက်ပွဲမှာ မစ္စတာ အိုဘားမားအနေနဲ့ ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ပေမဲ့ သူ့ရဲ့မူဝါဒတွေနဲ့ သူ့အပေါ် လူကြိုက်များမှု နည်းပါးနေတာတွေဟာ ဒီရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

ရီပတ်ပလစ်ကန်ပါတီဝင်တွေဟာ လက်ရှိရရှိထားပြီးသား အောက်လွှတ်တော်က အမတ်နေရာ ၂၃၃ နေရာကို ဆက်လက် ထိန်းထားနိုင်ရုံမက နောက်ထပ် အမတ်နေရာတွေလည်း ထပ်တိုးရနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG