သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူချင်း နှစ်သက်သူတွေ ပွင့်လင်းစွာ စစ်မှုထမ်းခွင့် ဆွေးနွေးရေး အမေရိကန် အထက်လွှတ်တော် ပိတ်ပင်


လိင်တူချင်း နှစ်သက်သူတွေ ပွင့်လင်းစွာ စစ်မှုထမ်းခွင့် ဆွေးနွေးရေး အမေရိကန် အထက်လွှတ်တော် ပိတ်ပင်
လိင်တူချင်း နှစ်သက်သူတွေ ပွင့်လင်းစွာ စစ်မှုထမ်းခွင့် ဆွေးနွေးရေး အမေရိကန် အထက်လွှတ်တော် ပိတ်ပင်

အမေရိကန် စစ်တပ်အတွင်း လိင်တူချင်း နှစ်သက်သူတွေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် အမှုထမ်းခွင့်ကို တားမြစ်တဲ့ ဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးဖို့ အဆိုပြုချက် ဥပဒေကြမ်းဟာ အမေရိကန် အထက်လွှတ်တော်မှာ ထောက်ခံမဲ အလုံအလောက် မရတဲ့အတွက် မနေ့က ရှေ့ဆက်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါဘူး။

မေးလည်းမမေးနဲ့၊ ပြောလည်းမပြောနဲ့ ဆိုတဲ့ လိင်တူချင်း ဆက်ဆံသူတွေ ပွင့်ပွင့်လင်းလင်း အမှုထမ်းခွင့်ကို တားမြစ်ထားချက် ပြန်လည်ပြင်ဆင်နိုင်အောင် ရှေ့ဆက်ဆောင်ရွက်ဖို့ ဆိုရင် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၀ ရဖို့ လိုအပ်ပါတယ်။

ဒီအဆိုပြုချက် ဥပဒေကြမ်းနဲ့ တပေါင်းတည်း မဲခွဲဆုံးဖြတ်တဲ့ အမေရိကန် စစ်တပ်အတွက် စစ်အသုံးစရိတ် ဒေါ်လာ သန်းပေါင်း ၇၂၅,၀၀၀ သုံးစွဲရေး ကိစ္စလည်း အထက်လွှတ်တော် အတွင်းမှာ ထောက်ခံမဲ ၅၆ မဲသာ ရခဲ့ပါတယ်။ ကန့်ကွက်မဲ ၄၃ မဲ ရှိခဲ့ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်က လိင်တူချင်း နှစ်သက်သူတွေ တပ်ထဲမှာ ပွင့်ပွင့်လင်းလင်း အမှုထမ်းတာမျိုးကို တားမြစ်ထားချက်အပေါ် ပြန်လည်ရုပ်သိမ်းမယ်ဆိုရင် စစ်တပ်အပေါ် ဘယ်လို သက်ရောက်နိုင်မလဲ ဆိုပြီး ပြန်လည် သုံးသပ်ခဲ့ပါတယ်။ ဒီလို သုံးသပ်နေတဲ့အချိန် မနေ့က အင်္ဂါနေ့ အထက်လွှတ်တော်မှာ ဒီတားမြစ်ချက်ကို ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) ကတော့ အခုလို အထက်လွှတ်တော်မှာ မဲအလုံအလောက် မရပေမဲ့ ဒီ တားမြစ်ချက်ကို ပြန်လည်ပြင်ဆင်ရေး ကြိုးပမ်းချက်ဟာ မပြီးဆုံးသေးဘူးလို့ ပြောပါတယ်။

သမ္မတ အိုဘားမား အစိုးရ အနေနဲ့ ပင်တဂွန် စစ်ဌာနချုပ်နဲ့အတူ ဒီကိစ္စကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမေရိကန် ဥပဒေအရ အမျိုးသား၊ အမျိုးသမီး လိင်တူချင်း နှစ်သက်သူတွေဟာ သူတို့ကိုယ်သူတို့ ထုတ်ဖော် ကြေညာတာမျိုး မလုပ်သမျှ တပ်ထဲမှာ အမှုထမ်းခွင့် ရှိပါတယ်။ ဒီအချက်ကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG