သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်ရေယာဉ် စင်္ကာပူတွင်ထားမည်


အမေရိကန်ရေတပ်က ပင်လယ်ကမ်းရိုးတန်းသုံးသွား တိုက်ရေယာဉ် အတော်များများကို စင်ကာပူနိုင်ငံမှာ တပ်စွဲထားရှိတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံမှာလည်း အလားတူ တပ်စွဲဖို့ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရတက်မအေးဖြစ်ရမှု ပိုတိုးလာဖွယ်ရှိပါတယ်။

အမေရိကန် တိုက်ရေယာဉ်တွေရဲ့ အရွယ်အစားဟာ သေးငယ်ပေမဲ့လို့ ဒီလို အမေရိကန်ရေတပ် တပ်စွဲထားရှိဖို့ သဘောတူညီကြတယ်ဆိုတဲ့ သဘောဟာ အမေရိကန်ရဲ့ အာရှနိုင်ငံတွေအပေါ် ထိတွေ့ဆက်ဆံမှု တိုးလာတာကို သရုပ်ဖော်ပြသလိုက်တာ ဖြစ်တာမို့ တရုတ်နိုင်ငံအတွက် ကသိကအောက် ဖြစ်စေတယ်လို့ ဒေသတွင်း ကာကွယ်ရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

သြစတြေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့က ဆိပ်ကမ်းမှာလည်း အမေရိကန် ကုန်းတက် မရင်းစစ်သည်အင်အား ၂,၅၀၀ တပ်စွဲထားရှိဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတို့က သဘောတူပြီးတဲ့ အကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန် ရေတပ်က အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ ပင်လယ်ရေကြောင်း သွားလာရေးလမ်းဆုံအဖြစ် မဟာဗျူဟာကျကျ ပိုမိုအာရုံစိုက်သွားမှာ ဖြစ်တယ်လို့ အမေရိကန် ရေတပ်စစ်ဆင်ရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုနသန်ဂရင်းနာ့တ် (Jonathan Greenert) က ပြောဆိုလိုက်ပါတယ်။

အမေရိကန် ရေတပ် တိုက်ရေယာဉ်တွေဟာ ရေတိမ်မှာ ခုတ်မောင်းနိုင်သလို ရေငုပ်သင်္ဘောတွေလောက် အသံဆူညံခြင်းလည်း မရှိ၊ အရှိန်မြန်မြန် ခုတ်မောင်းနိုင်ပြီး ရေတိမ်ကမ်းရိုးတန်းက မိုင်းတွေကိုလည်း ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG