သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရောက် ကန်တပ်တွေ မကြာမီရုတ်သိမ်းမယ့်အကြောင်း အိမ်ဖြူထုတ်ပြန်


ဆီးရီးယားနိုင်ငံက အမေရိကန်တပ်များ
ဆီးရီးယားနိုင်ငံက အမေရိကန်တပ်များ

ဆီးရီးယားမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပါဝင်ပတ်သက်နေမှုဟာ မကြာခင်မှာပဲပြီးဆုံးတော့မယ်လို့ သမ္မတအိမ်ဖြူက ပြောကြားခဲ့ပေမယ့် ဘယ်အချိန်မှာ အမေရိကန်တပ်တွေ အိမ်ပြန်မယ်ဆိုတာကို သိရဖို့ အထပ်ထပ်အခါခါမေးနေပေမယ့် ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့တာပါ။

IS စစ်သွေးကြွတွေကို လုံးဝနီးပါး နှိမ်နင်းနိုင်ခဲ့ပြီမို့ အိုင်အက်စ်ချေမှုန်းရေး အမေရိကန်စစ်တပ်ရဲ့ လုပ်ငန်းအမြန်ပြီးဆုံးတော့မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်တွေအနေနဲ့ ဆီးရီးယားမှာ ရှိနေတဲ့ အရေအတွက်သိပ်မများတော့တဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို ချေမှုန်းဖို့ သံဓိဌာန်ဆက်ချထားဆဲဖြစ်ကြောင်းနဲ့ အမေရိကန်က သူ့မဟာမိတ်တွေနဲ့ မိတ်ဆွေတွေကို နောက်လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆက်လက်တိုင်ပင်နေမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်သမ္မတ Donald Trump က အမေရိကန်တပ်သားတွေကို အိမ်ပြန်ခေါ်ချင်ကြောင်း အင်္ဂါနေ့မှာ ပြောခဲ့ပြီးတဲ့နောက် အခုလိုကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။ သမ္မတဟာ အင်္ဂါနေ့က ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ ပူးတွဲစစ်ဦးစီးအရာရှိချုပ်များရဲ့ အလှည့်ကျဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford တို့နဲ့ ဆွေးနွေးခဲ့အပြီးမှာ ခုလိုပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG