သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပက်ဘလီကန် သမ္မတလောင်းနေရာ Mitt Romney အခြေအနေကောင်း

ရီပက်ဘလီကန် သမ္မတလောင်းနေရာ Mitt Romney အခြေအနေကောင်း
ရီပက်ဘလီကန် သမ္မတလောင်းနေရာ Mitt Romney အခြေအနေကောင်း

အမေရိကန်ပြည်ထောင်စု နီဗားဒါး (Nevada) ပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မ်နီ (Mitt Romney) က အနိုင်ရရှိသွားပါတယ်။ သူဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက်သမ္မတ ဘရက်အိုဘားမား (Barack Obama) နဲ့ ယှဉ်ပြိုင် အရွေးခံရမယ့် ရီပက်ပလီကန်ဘက်က ကိုယ်စားလှယ်နေရာကို တော်တော်ကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

နီဗားဒါး ပြည်နယ်ရဲ့ သမိုင်းမှာ အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုကို ကြုံနေရချိန်မှာ သမ္မတ အိုဘားမားက ဒီပြည်နယ်ကို လစ်လျူ ရှုထားခဲ့တယ်လို့ မစ္စတာ ရွန်မ်နီ က သူ့ရဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ မစ္စတာ ရွန်မ်နီ ဟာ နီဗားဒါး မှာ မဲ ၄၀% နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး သူ့နောက်က ဒုတိယလိုက်သူ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နယူးတ် ဂင်းဂရစ်ချ် (Newt Gingrich) ကို ရာခိုင်နှုန်း ဆယ်ဂဏန်းနဲ့ ဖြတ်ကျော် ထားနိုင်ခဲ့တာပါ။

တက်ဆက်ပြည်နယ် အောက်လွှတ်တော်အမတ်ဟောင်း ရွန်ပေါလ် (Ron Paul) က တတိယနေရာ လိုက်ပြီး ပန်ဆယ်လ်ဗေးနီးယား ပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်း ရစ်ခ် ဆန်တိုရမ် (Rick Santorum) က စတုတ္ထနေရာမှာ ရှိပါတယ်။ မစ္စတာ ရွန်မ်နီဟာ အင်္ဂါနေ့မှာ ကိုယ်စားလှယ်လောင်း ရွေးမယ့် ကော်လိုရာဒို (Colorado) ပြည်နယ်မှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ဖို့ အခုရာက်ရှိနေပါပြီ။

This item is part of
XS
SM
MD
LG