သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြုပ်မိုင်း လျော့ချရေး ကန်ဆောင်ရွက်တော့မည်


မြေမြုပ်မိုင်း ရှာဖွေရေး။
မြေမြုပ်မိုင်း ရှာဖွေရေး။

လူကိုသေစေဖို့ ရည်ရွယ်ထုတ်လုပ်တဲ့ မြေမြုပ်မိုင်း ပိုင်ဆိုင်မှုကို ဖြေးဖြေးချင်း လျော့ချ သွားတော့မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြေမြုပ်မိုင်းအသစ်တွေ ထပ်မံ ထုတ်လုပ်မှာမဟုတ်တော့သလို ဝယ်ယူခြင်းလည်း ပြုလုပ်တော့မှာ မဟုတ်တဲ့အပြင် အဆုံးသတ်မှာ နိုင်ငံတကာ မြေမြုပ်မိုင်း အသုံးပြုမှုတားဆီးရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး စီစဉ်ထားတဲ့အကြောင်း သမ္မတ အိုဘားမား အစိုးရက ပြောပါတယ်။

Ottawa သဘောတူညီချက်လို့ခေါ်တဲ့ ၁၅ နှစ်ကြာ အဲဒီ မြေမြုပ်မိုင်း သဘောတူညီကို ပြန်လည်သုံးသပ်ဖို့ မိုဇမ်ဘစ်နိုင်ငံ Maputo မြို့မှာ ကျင်းပနေတဲ့ ညီလာခံအတွင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ Ottawa သဘောတူညီနဲ့အညီ လုပ်ဆောင်နိုင်ဖို့နဲ့ အဲဒီသဘောတူညီချက်ကို လက်ခံနိုင်ဖို့ နူးညံ့သိမ်မွေ့စွာ ဆောင်ရွက်နေတဲ့ အကြောင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသမီး Caitlin Hayden က ပြောပါတယ်။

ဒါပေမယ့် ဒီလို ပြောဆိုမှုဟာ လုံလောက်မှု မရှိဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ လက်နက်ဆိုင်ရာ ညွန်ကြားရေးမှူးလည်းဖြစ်၊ မြေမြုပ်မှိုင်း ပိတ်ပင်တားဆီးရေးဆိုင်ရာ အကြီးအကဲလည်းဖြစ်တဲ့ Steve Goose က ပြောပါတယ်။ လူသေစေနိုင်တဲ့ အတွက် မြေမြုပ်မိုင်းကို ပိတ်ပင်သင့်တယ်ဆိုတာကို လက်ခံတဲ့တချိန်ထဲမှာပဲ နောက်နှစ်တွေအကြာကြီး အသုံးပြုနိုင်အောင် အမေရိကန် ပြည်ထောင်စုက မြေမြုပ်မိုင်းတွေ ဆက်လက် ပိုင်ဆိုင်ထားဦးမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ Steve Goose က ပြောပါတယ်။

XS
SM
MD
LG