သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူစလင်ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူကို စစ်ဆေးမေးမြန်း

မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူလို့ စွပ်စွဲခံနေသူ Nakoula Basseley Nakoula ကို လော့စ်အိန်ဂျဲလိစ် မြို့ ရဲတပ်ဖွဲ့က စစ်ဆေးရန် နေအိမ်ကနေ လာရောက် ခေါ်ယူစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူလို့ စွပ်စွဲခံနေသူ Nakoula Basseley Nakoula ကို လော့စ်အိန်ဂျဲလိစ် မြို့ ရဲတပ်ဖွဲ့က စစ်ဆေးရန် နေအိမ်ကနေ လာရောက် ခေါ်ယူစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ လော့စ်အိန်ဂျဲလိစ် (Los Angeles) မြို့ရဲတပ်ဖွဲ့က မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူလို့ စွပ်စွဲခံနေသူကို သူ့ရဲ့နေအိမ်ကနေ ခေတ္တခေါ်ယူ မေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရ တာဝန်ရှိသူတွေက Nakoula Basseley Nakoula ဆိုသူကို စစ်ဆေး မေးမြန်းနိုင်ဖို့ သူ့ဆန္ဒအရ ခေါ်ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

မစ္စတာ Nakoula ဟာ ၂၀၁၀ ပြည့်နှစ်က ဘဏ်ငွေ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသူ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ထောင်ကလွတ်ခဲ့ပြီး ၅ နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်ပါ့မယ်ဆိုတဲ့ ခံဝန်ချက်နဲ့ နေထိုင်ရမယ့် ကာလမှာ အငြင်းပွားဖွယ် ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တာကြောင့် ခံဝန် ချိုးဖောက်မှုနဲ့ ရင်ဆိုင်ရမယ့် အလားအလာ ရှိနေပါတယ်။ ၅ နှစ် ခံဝန်ထဲမှာ စောင့်ကြည့်တဲ့ အရာရှိရဲ့ ခွင့်ပြချက်မရဘဲ အင်တာနက် အသုံးပြုခွင့် မရှိပါဘူး။

Nakoula က မူစလင်ကမ္ဘာက ဆန္ဒပြသူတွေကို သောကြာနေ့က ဝေဖန်လိုက်ပါတယ်။ အာရပ်အနွယ်ဝင် မူစလင်တွေ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြရတယ် ဆိုတာကို သင်ယူဖို့လိုတယ်လို့ Radio Sawa နဲ့ တွေ့ဆုံခန်းမှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ ဒီရုပ်ရှင်နဲ့ ဘယ်လိုမှ ပတ်သက်ခြင်း မရှိကြောင်း လည်း သူက ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG