သုံးရလွယ်ကူစေသည့် Link များ

မြန်မာအစိုးရရဲ့ ပြုပြင်ရေးကို အမေရိကန် စိစစ်မည်

  • ဗွီအိုအေ (မြန်မာဌာန)

မြန်မာအစိုးရရဲ့ ပြုပြင်ရေးကို အမေရိကန် စိစစ်မည်

မြန်မာအစိုးရ အနေနဲ့ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်နေခြင်း ရှိမရှိ ဆိုတာကို ရှေ့သီတင်းပတ်အတွင်း နယူးယောက်မြို့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံတဲ့အခါ သုံးသပ်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ မြန်မာနဲ့ အမေရိကန် အရာရှိတွေ သီးခြား တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ လက်ထောက်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ အဲဒီ တွေ့ဆုံပွဲအတွင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ဦးဆောင် တက်ရောက်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီဆိုတာ သိသာတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိ တဦးကလည်း ပြောပါတယ်။ အဲဒီ ပြောင်းလဲမှုတွေဟာ ဘယ်လောက်အထိ ခိုင်မာသလဲ ဆိုတာနဲ့ အဲဒီအပေါ် အခြေခံပြီး အမေရိကန်၊ မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ သင့်မသင့် ဆိုတာတွေကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အဲဒီ အမေရိကန် အရာရှိက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေပါပြီလို့ သူနဲ့တွေ့တဲ့အခါ မြန်မာအာဏာပိုင်တွေက ပြောခဲ့တဲ့အကြောင်း မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်လည်ပတ်ပြီး မနေ့ကပဲ ပြန်လာတဲ့ အမေရိကန် အထူးသံတမန် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ပြောပါတယ်။

XS
SM
MD
LG