သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လာမည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အမေရိကန် သွားမည့် မြန်မာဘတ်စကက်ဘောအသင်း လေ့ကျင့် ကစားနေစဉ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အမေရိကန် သွားမည့် မြန်မာဘတ်စကက်ဘောအသင်း လေ့ကျင့် ကစားနေစဉ်။
မြန်မာနိုင်ငံမှာ ပထမဆုံး အားကစားသံတမန် အစီအစဉ်အရ မြန်မာနိုင်ငံက လူငယ် ၁၂ ဦးဟာ ဘတ်စကက်ဘောအားကစား အပြန်အလှန်ဖလှယ်ရေးအစီအစဉ်အရ အမေရိကန်ပြည်ထောင်စုဆီ သီတင်းနှစ်ပတ်ကြာ လာရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာဌာနက ဇန်နဝါရီလ ၄ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
လူငယ် အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးခြောက်ဦးပါဝင်တဲ့ အဲဒီအဖွဲ့ဟာ နည်းပြနှစ်ယောက်နဲ့အတူ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုမှာ လှည့်လည် သွားလာကြမှာဖြစ်ပါတယ်။

မြန်မာလူငယ်တွေဟာ အစီအစဉ်အတွင်း အမေရိကန်ကစားဖော်တွေနဲ့အတူ ဘတ်စကက်ဘောအားကစား နည်းပညာတွေကို လေ့လာကြမှာဖြစ်သလို အာဟာရဆိုင်ရာ၊ ပဋိပက္ခဖြေရှင်းခြင်းနဲ့ မသန်မစွမ်းအားကစားဆိုင်ရာ ပညာပေးဆွေးနွေးပွဲတွေ တက်ရောက်ကြ မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက အမျိုးသားဘတ်စကက်ဘောအသင်း (NBA) ရဲ့ အကူအညီနဲ့ ဖော်ဆောင်တဲ့ အခုအစီအစဉ်ဟာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ မြန်မာနိုင်ငံအကြား ပထမဆုံး အားကစားအလည်အပတ်အစီအစဉ် ဖြစ်ပါတယ်။

အမေရိကန် Charlotte Bobcats အသင်းရဲ့ အထွေထွေမန်နေဂျာ Rich Cho၊ အမျိုးသမီးဘတ်စကက်ဘောအသင်း (WNBA) က ကစားသမားဟောင်း Allison Feaster၊ Los Angeles Lakers အသင်းက လက်ရှိ လက်ထောက်နည်းပြ Darvin Ham နဲ့ NBA ကစားသမားဟောင်း Marty Conlon တို့ဟာ အားကစားသံတမန်တွေအဖြစ် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံဆီ လာရောက်ခဲ့ကြပြီးတဲ့နောက်ပိုင်း အခုအစီအစဉ်ဖြစ်လာတာပါ။
အဲဒီထဲမှာ Charlotte Bobcats အသင်းရဲ့ အထွေထွေမန်နေဂျာ Rich Cho ဟာ မြန်မာနိုင်ငံမှာ မွေးဖွားသူဖြစ်ပါတယ်။

အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ် မြန်မာလူငယ်တွေဟာ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ Charlotte Bobcats အသင်း ကစားတဲ့ပွဲကို ကြည့်ရှုကြမှာဖြစ်ပြီး မန်နေဂျာ Cho၊ Bobcats ကစားသမားတွေနဲ့အတူ နည်းပညာတွေကို လေ့လာသုံးသပ်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါရှင်တန်ဒီစီမြို့တော်မှာ Washington Wizards အသင်းရဲ့ ကစားပွဲကို ကြည့်ကြပြီး အသင်းက ကစားသမားတွေနဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။
XS
SM
MD
LG