သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ပြန်လည်ညှိနှိုင်းဖို့ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ပြန်လည်ညှိနှိုင်းဖို့ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် တိုက်တွန်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ပြန်လည်ညှိနှိုင်းဖို့ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် တိုက်တွန်း

၂၀၀၃ ခုနှစ်က စတင်ချမှတ်ခဲ့တဲ့ Burmese Freedom and Democracy Act အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာကို လွှတ်တော်က နောက်ထပ် သက်တမ်းတနှစ် တိုးဖို့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ ဖြစ်လာမယ့် အခြေအနေနဲ့ ကိုက်အောင် ညှိယူနိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က ကြေညာချက် ထုတ်ပြန်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ တနင်္လာနေ့က ပြောလိုက်ပါတယ်။

၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့်သူတွေအတွက် အကန့်အသတ်ရှိပြီး အများစုက လွတ်လပ်မှု မရှိသလို မျှတမှု မရှိဘူးလို့လည်း ပြောခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ ၃၇ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုအသစ် ဖြစ်ပေါ်လာတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူးလို့ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ အစိုးရ ခေါင်းဆောင်တွေနဲ့ အရပ်ဘက် လူထု အဖွဲ့အစည်းတွေကြား အပြန်အလှန် ဆက်ဆံ လုပ်ကိုင်ရမယ့် အခွင့်အလမ်းတွေ ပွင့်သွားဖို့ အရေးကြီးတဲ့ အကူးအပြောင်း ကာလကို အခု ရောက်ရှိနေတယ်လို့ မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုပါတယ်။

မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်က သွားရောက်ခဲ့ပြီး ထိုစဉ်က ၁၀ နှစ်ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံကို လာတဲ့ လွှတ်တော်အမတ်တယောက် ဖြစ်ခဲ့ပါတယ်။

ဒီခရီးမှာ အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော၊ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံနေရတဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော (John Yettaw) ကို လွတ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

XS
SM
MD
LG