သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ


မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဖို့ အမေရိကန်က မျှော်လင့်တယ် ဆိုတာကို အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားကောင်း ပြောကြားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင်လုပ်ဖို့ လိုအပ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကိစ္စတွေကိုလည်း သမ္မတ အိုဘားမားက ပြောနိုင်တယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန် အကြီးတန်း တာဝန်ရှိသူ ဂျက်ဖ် ဘေဒါ (Jeff Bader) က ကြာသပတေးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တချို့နိုင်ငံတွေမှာ အစိုးရတွေ အပြောင်းအလဲဖြစ်ဖို့ နိုင်ငံစုံပါဝင်တဲ့ ဆွေးနွေးမှုနဲ့ ဖိအားပေးရသလို မြန်မာနိုင်ငံက အခြေအနေ တိုးတက်ဖို့အတွက် အာဆီယံလို အဖွဲ့ကြီးက ကြိုးစားဆောင်ရွက်လို့ ရတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ နယူးယောက်မြို့မှာ ဒီကနေ့ သောကြာနေ့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါ စီးပွားရေး၊ လုံခြုံရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြဖို့ရှိပြီး မြန်မာ့အရေးကိုလည်း ဆွေးနွေးကြဖွယ် ရှိပါတယ်။

XS
SM
MD
LG