သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း သြဇာကြီးနိုင်ငံ တနိုင်ငံ မြန်မာဖြစ်ဖို့ ကန်မျှော်လင့်


အမေရိကန်သမ္မတ နဲ့ မြန်မာသမ္မတ အိမ်ဖြူတော် တွင် တွေ့ဆုံစဉ်။ (မေ ၂၀၊ ၂၀၁၃)
အမေရိကန်သမ္မတ နဲ့ မြန်မာသမ္မတ အိမ်ဖြူတော် တွင် တွေ့ဆုံစဉ်။ (မေ ၂၀၊ ၂၀၁၃)
အာရှပစိဖိတ်ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေထဲမှာ တနေ့နေ့ တချိန်ချိန်ကျရင် မြန်မာနိုင်ငံလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး Baltimore နိုင်ငံခြားရေးကောင်စီမှာ မေလ ၂၉ ရက်နေ့က အခုလို ပြောလိုက်တာပါ။

ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ အစဉ်အလာအားဖြင့် အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ထိတွေ့ဆက်ဆံခဲ့ပြီး ၊ အခုအခါမှာတော့ အဲဒီနိုင်ငံတွေထဲမှာ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း ထည့်သွင်းရမှာဖြစ်သလို၊ တချိန်ချိန်မှာ မြန်မာနိုင်ငံလည်း ပါလာဖို့မျှော်လင့်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောပါတယ်။

အမေရိကန်အစိုးရက အာရှပစိဖိတ်ဒေသကို အာရုံစိုက်လာနေတာနဲ့ အမျှ ဒေသတွင်းမှာ အင်အားချိန်ခွင်လျှာညှိတဲ့အနေနနဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာ၊ ဒေသတွင်း အဖွဲ့အစည်းတွေ တည်ဆောက်တာ နဲ့ သြဇာကြီးမား လာနေတဲ့နိုင်ငံတွေနဲ့ ထိတွေ့ ဆက်စပ်တာတွေ လုပ်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လို ဒေသတွင်းမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေက မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အတူလက်တွဲလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ သူကပြောပါတယ်။
XS
SM
MD
LG