သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး ကန်နှင့်နေတိုး ခေါင်းဆောင်တွေ ဦးစားပေးဆောင်ရွက်


သမ္မတ အိုဘားမားနှင့် နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။
သမ္မတ အိုဘားမားနှင့် နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။

Brussels မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ နေတိုးတပ်ဖွဲ့ အတွင်း ရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Jens Stoltenberg တို့က - ဒီကြေကွဲဖွယ်ရာ ဖြစ်ရပ် အထိမ်းအမှတ်ကို ကျင်းပခဲ့ပြီး တချိန်တည်းမှာပဲ IS စစ် သွေးကြွအုပ်စုကို ချေမှုန်းနိုင်ရေးအတွက် ဦးစားပေးမှု အရေးကြီးတဲ့အကြောင်း ထပ်လောင်း ပြောဆိုခဲ့ကြပါတယ်။

“ဒီအချိန်ဟာ ကမ္ဘာမှာ ဒုက္ခနဲ့ တွေ့ကြုံနေရတဲ့အချိန် ဖြစ်တဲ့အကြောင်း ထင်ရှားပါတယ်။ ကမ္ဘာ့လုံခြုံရေး စနစ်ရဲ့ စိုးရိမ်သောကတွေနဲ့ ပူပင်မှုတွေ အများစုရဲ့ အချက်အခြာဟာ ဥရောပ ဖြစ်နေတဲ့အကြောင်း နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

အထူးသဖြင့် အီရတ်နဲ့ ဂျော်ဒန်နိုင်ငံတို့မှာ ဒေသခံတပ်ဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးရာမှာနဲ့ အကူအညီပေးရာမှာ နေတိုးရဲ့ကြိုးပမ်းမှု အပါအဝင် IS စစ်သွေးကြွတွေကို တန်ပြန်ချေမှုန်းရာမှာ မဟာမိတ်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဗိုလ်ချုပ်ကြီး Stoltenberg နဲ့ တွေ့ဆုံအပြီး အမေရိကန်သမ္မတက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒေသတွင်းတည်ငြိမ်ရေးနဲ့ IS ချေမှုန်းရေးအတွက် တခြားနိုင်ငံတွေကို နေတိုးက ထောက်ခံကူညီသွားမယ်လို့လည်း Stoltenberg က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒေသခံတွေရဲ့ စွမ်းရည်ကို နည်းမျိုးစုံနဲ့ မြှင့်တင်ပေးဖို့က နေတိုးရဲ့ ဦးစားပေး ဆောင်ရွက်ချက်ထဲမှာ ပါဝင်တယ်လို့ သူက ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ အာဖဂန်နစ္စတန် အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပြီး အဲဒီနိုင်ငံ တည်ငြိမ်ရေးအတွက် နေတိုးဟာ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အထူး မဟာမိတ်အဖွဲ့ဖြစ်တယ်လို့ သမ္မတက ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG