သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က အကြီးဆုံးနိုင်ငံသားခံယူပွဲအခမ်းအနားများ


معترض فرانسوی که در جریان تظاهرات جلیقه زردها یک چشم خود را از دست داد، در راهپیمایی این هفته معترضان در پاریس شرکت کرد.
معترض فرانسوی که در جریان تظاهرات جلیقه زردها یک چشم خود را از دست داد، در راهپیمایی این هفته معترضان در پاریس شرکت کرد.

ဒီကနေ့ စနေနေ့မှာ ကျရောက်တဲ့ အမေရိကန် အခြေခံဥပဒေနဲ့ နိုင်ငံသားနေ့ အထိမ်းအမှတ်အဖြစ် ထောင်ပေါင်းများစွာသောလူတွေ အမေရိကန်နိုင်ငံသားဖြစ်လာကြတော့မှာပါ။စက်တင်ဘာလ ၁၆ က နေ ၂၃ ရက်တွင်း ကျမ်းသစ္စာကြိမ်ဆိုတဲ့ အခမ်းအနားပေါင်း ၂၄၀ မှာ တစ်နိုင်ငံံလုံးက လူပေါင်း ၃ သောင်း ၈ထောင်ကျော် အမေရိကန်နိုင်ငံသားအဖြစ် ခံယူမယ်လို့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဌာနက ပြောပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်အတွင်း အများဆုံးအရေအတွက်ပါ။

ဒီလို ပုံမှန်ထက်များတဲ့ ကျမ်းသစ္စာကြိမ်ဆိုတဲ့ အခမ်းအနားတွေကို သောကြာနေ့က စခဲ့တာပါ။ အမေရိကန်နိုင်ငံ အမျိုးသား ပန်းခြံစနစ်ရဲ့နှစ် ၁၀၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေတဲ့ အတွက် ဒီအခမ်းအနားအများအပြားကို ပန်းခြံတွေထဲမှာ ကျင်းပကြပါတယ်။ New York မြို့ က Ellis ကျွန်း၊ Washington DC မြို့က Lincoln နဲ့ Jefferson အထိမ်းအမှတ်နေရာတွေမှာတော့ သောကြာနေ့က အမေရိကန် နိုင်ငံသား ဖြစ်လာသူတွေ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတာပါ။

အခမ်းအနားတွေအဆုံးသတ်မှာ တရားဝင်နိုင်ငံသားဖြစ်ရေး နောက်ဆုံးအဆင့်အနေနဲ့ အမေရိကန်ပြည်ထောင်စုအပေါ် သစ္စာစောင့်သိပါမယ့်အကြောင်း ကတိသစ္စာပြုပွဲကိုလည်း ဖက်ဒရယ်တရားသူကြီးတွေက ဦးဆောင်ပြီး ပြုလုပ်ပေးပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်လိုသူတွေဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ရမှာတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အချိန်အကြာကြီး စောင့်ဆိုင်း လုပ်ဆောင်ကြ ရပြီး နောက်ဆုံးရလဒ်ကလည်း သေချာလှတာတော့မဟုတ်ပါဘူး။ နိုင်ငံသားဖြစ်ဖို့ လျှောက်ထားသူတွေအနေနဲ့ အမေရိကန်သမိုင်းကြောင်း၊ အမေရိကန်အစိုးရနဲ့ အခြေခံဥပဒေတွေအကြောင်း အခြေခံဗဟုသုတ ရှိပါတယ်ဆိုတာကို ပြသဖို့ မေးခွန်း ၁၀၀ ပါ အမေးအဖြေတွေကို ကျက်မှတ်ထားကြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG