သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်တင် စစ်သင်္ဘော ကိုးရီးယားကို ဦးတည်ချိန် ကွဲလွဲ


The aircraft carrier USS Carl Vinson (CVN 70) transits the Indian Ocean, April 15, 2017.
The aircraft carrier USS Carl Vinson (CVN 70) transits the Indian Ocean, April 15, 2017.

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို ဟန့်တားရေးအတွက် အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ဦးဆောင်တဲ့ ရေတပ်ဟာ ပစ္စိဖိတ်မြောက်ပိုင်းကို အမှန်တကယ် ဦးတည်သွားနေတယ်လို့ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့မဟာမိတ်တွေကို ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီပြောကြားချက်ဟာ ဒီလေယာဉ်တင်သင်္ဘောနဲ့ တခြားစစ်သင်္ဘောတွေ အဲဒီဒေသကို သွားနှင့်ပြီးဖြစ်တယ်ဆိုတဲ့ အထင်လွဲမှားစေတဲ့ ကျေညာချက်တွေပေါ်ထွက်ခဲ့ပြီး ရက်အတန်ကြာမှ ပေါ်ထွက်လာတာဖြစ်ပါတယ်။

“အင်မတန် အင်အားကြီးမားတဲ့ရေတပ်ကြီးတခုကို စေလွှတ်ထားပါတယ်”လို့ ဒီရေတပ်အုပ်စု စင်္ကာပူ ကထွက်ခွါပြီး ၃ ရက်အကြာ ဧပြီလ ၁၁ ရက် နေ့ကတည်းက သမ္မတ Donald Trump ကကျေညာခဲ့ပါတယ်။ဒါပေမဲ့ ဒီရေတပ်သင်္ဘောစုဟာ မြောက်ဘက်ကို ဦးတည်မသွားပဲ သြစတြေးလျနဲ့ ပူးတွဲစစ်လေ့ကျင့်ရေးတရပ်ကို အကျဉ်းရုံးလုပ်ဆောင်နေခဲ့တာပါ။

သူတို့ရေတပ် ဘယ်ရောက်နေတယ်ဆိုတာနဲ့ပတ်သက်တဲ့ ကျေညာချက်ကွဲလွဲမှုတွေကို ရှင်းလင်းဖို့ ဗုဒ္ဓဟူးနေ့ကျမှ အမေရိကန်အရာရှိတွေ အားထုတ်ခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံကို သွားရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis ကတော့ "ဒီလေယာဉ်တင်သင်္ဘောကြီးဟာ ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ခြမ်းမှာ အထက်အောက်လှုပ်ရှားနေတာပါ၊ ကျုပ်တို့ပြောတဲ့အတိုင်းပဲ" လို့ဆိုပါတယ်။

ဒီလိုသတင်းပေးလွဲမှားမှု ဟာ မြောက်ကိုရီးယားအပေါ် အမေရိကန်တို့ စစ်ရေးအရ ကြိမ်းဝါးပြောဆိုမှုကို အယုံအကြည်ကင်းမဲ့စေတယ်လို့ သုံးသပ်သူတချို့ကရှုမြင်နေကြပါတယ်။

XS
SM
MD
LG