သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကန်ရေတပ်သား ၁၀ ဦး အီရန်ပြန်လွှတ်ပေး


အီရန်ရေပြင်ပိုင်နက်ထဲ စက်ပျက်မျောပါသွားပြီး ထိန်းသိမ်းခံလိုက်ရတဲ့ အမေရိကန်ရေတပ်သား ၁၀ ဦး အီရန်က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

ဒီကိစ္စ ဖြေရှင်းလိုက်နိုင်တာဟာ သံတမန်ရေးအရ အောင်မြင်မှုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားလိုက်သလို၊ ကာကွယ်ရေးဝန်ကြီး Ash Carter ကလည်း အမေရိကန် စစ်မှုထမ်းတွေ သူတို့လက်ထဲ ပြန်ရောက်လာတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။

အမေရိကန် ရေတပ်အမှုထမ်းတွေရဲ့ ပြောဆိုချက်တွေကို အပြည့်အ၀ မကြားသိရသေးတဲ့အတွက် သူတို့ ဘာကြောင့် အခုလို ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့ အခြေအနေ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ ဝန်ကြီး Carter က ပြောပါတယ်။

ပြန်လွတ်လာကြတဲ့ ရေတပ်အမှုထမ်းတွေဖြစ်ကြတဲ့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဟာ Qatar နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းကို ရောက်နေကြပြီ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်အမှုထမ်းတွေ အဖမ်းမခံရခင်က အသုံးပြုခဲ့တဲ့ အမေရိကန် ကင်းလှည့် စစ်ရေယာဉ်ငယ် ၂ စင်းကိုလည်း အီရန်က အမေရိကန်နိုင်ငံလက်ထဲ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG