သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကွန်ဂရက်လွှတ်တော်သစ် ကျမ်းသစ္စာဆို


အမေရိကန်ပြည်ထောင်စုမှာ အသစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ကွန်ကရက်လွှတ်တော်အဆောက်အအုံရှေ့တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စုမှာ အသစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ကွန်ကရက်လွှတ်တော်အဆောက်အအုံရှေ့တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၁၃။)
အမေရိကန်ပြည်ထောင်စုမှာ အသစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆို ကြပြီးတဲ့နောက် ကွန်ဂရက်လွှတ်တော်ရဲ့ သက်တမ်းအသစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိုးလာနေတဲ့ ကြွေးမြီကိစ္စ၊ အငြင်းပွားဖွယ် သေနတ်ပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တွေလို ကိစ္စအဟောင်းတွေကိုပဲ လာမယ့် သီတင်းပတ်တွေအတွင်း ရင်ဆိုင် ဖြေရှင်းကြရဦးမှာဖြစ်ပါတယ်။ သက်တမ်းကုန်သွားတဲ့ ကွန်ဂရက် လွှတ်တော်ဟာ အခွန်ကောက်ခံရေးနဲ့ အသုံးစရိတ်ဆိုင်ရာကိစ္စတွေအပေါ် သက်တမ်း ကုန်ခါနီး နောက်ဆုံးရက်တွေ အတွင်း အပြင်းအထန် သဘောထားကွဲလွဲခဲ့ပြီး နောက်ဆုံးမှာမှ အချမ်းသာဆုံး အမေရိကန်တွေအပေါ် အခွန် တိုးကောက်ဖို့ သဘောတူပြီး ပြေလည်မှုရခဲ့တာပါ။

အခု ၁၁၃ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်အသစ်ဟာ နိုင်ငံအနေနဲ့ ချေးယူနိုင်တဲ့ အကြွေးပမာဏသတ်မှတ်ချက် ဒေါ်လာ ၁၆ ဒဿမ ၄ ထရီလီယံကို ထပ်တိုးပေးဖို့ ပြန်ပြီး ဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။ အဲဒီချေးယူနိုင်တဲ့ အကြွေးပမာဏ သတ်မှတ်ချက် ဟာ ဒီသီတင်းပတ်အစောပိုင်းကပဲ ပြည့်သွားခဲ့တာပါ။

ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲတွေနဲ့အတူ ကွန်ဂရက်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွေရဲ့ တစိတ်တပိုင်းအဖြစ် အောက်လွှတ်တော်ရဲ့ လက်ရှိဥက္ကဋ္ဌ၊ အိုဟိုင်းယိုးပြည်နယ်၊ အောက်လွှတ်တော်အမတ် ဂျွန် ဘေနာ (John Boehner) ကို အောက်လွှတ်တော်ရဲ့ဥက္ကဋ္ဌအဖြစ် ထပ်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ အမေရိကန်ဥပဒေအရ သူဟာ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) ပြီးရင် သမ္မတတာဝန်ကို ဆက်ခံ ထမ်းဆောင်နိုင်တဲ့ ဒုတိယနေရာမှာ ရှိနေသူဖြစ်ပါတယ်။
XS
SM
MD
LG