သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမျိုးသား ဘောလုံး ဗိုလ်လုပွဲ လူအများစိတ်ဝင်စား


 NFL အမေရိကန်အမျိုးသား Super Bowl XLVIII ကစားမယ့် MetLife အားကစားရုံ။
NFL အမေရိကန်အမျိုးသား Super Bowl XLVIII ကစားမယ့် MetLife အားကစားရုံ။
အမေရိကန်ပြည်ထောင်စုမှာ Super Bowl လို့သိကြတဲ့ အမေရိကန် NFL အမျိုးသားဘောလုံး League ဖလား ဗိုလ်လုပွဲကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

Denver Broncos နဲ့ Seattle Seahawks တို့ New Jersey ပြည်နယ်ထဲက MetLife အားကစားကွင်းကြီးမှာ ကစားကြမယ့် (၄၈) ကြိမ်မြောက် Super Bowl (၄၈) ပွဲအတွက် လက်မှတ်အားလုံး ရောင်းကုန်သွားပြီ ဖြစ်ပါတယ်။

ဒီ Super Bowl ဗိုလ်လုပွဲဟာ အမေရိကန်ပြည်ထောင်စုမှာတော့ အကြီးကျယ်ဆုံးနဲ့ လူအများ စိတ်အဝင်စားဆုံး ပွဲတခုဖြစ်ပါတယ်။ နိုင်ငံထဲမှာတင် လူပေါင်း သန်း ၁၁ဝ ကျော်က စောင့်ပြီးကြည့်ကြမယ်လို့ မျှော်လင့်ရသလို နိုင်ငံပေါင်း နဲ့ ပိုင်နက်ဒေသပေါင်း ၂ဝဝ ကျော်ကို တိုက်ရိုက် ထုတ်လွှင့် ပြသမှာဖြစ်လို့ ကမ္ဘာတဝန်းမှာလည်း လူပေါင်း သန်းနဲ့ချီက Super Bowl အမေရိကန် ဘောလုံးပွဲကို ကြည့်ကြမယ်လို့ ခန့်မှန်းရပါတယ်။

ဖိုင်နယ်မှာကစားကြမဲ့ Broncos အသင်းရော Seahawks အသင်းပါ NFL ရဲ့ ထိပ်တန်း အသင်းကြီးတွေ ဖြစ်ကြပါတယ်။ ဒီနှစ် Super Bowl ပွဲဟာ ရာသီဥတုအေးနေတဲ့ အမေရိကန်အရှေ့ခြမ်းက အမိုးအကာမပါတဲ့ကွင်းမှာ ပထမဆုံး ကျင်းပတာဖြစ်ပါတယ်။
XS
SM
MD
LG