သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုသစ် အမေရိကန်ချမှတ်


မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယားစမ်းသပ်မှုနဲ့ လက်နက်တွေတိုးထုတ်ဖို့ ကြိုးပမ်းမှုတွေအတွက် အရေးယူဒဏ်ခတ်မှု နောက်ထပ် အသစ်ချမှတ်ဖို့ ကုလသမဂ္ဂရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့အညီ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် ကျယ်ပြန့်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို သီးသန့် ချမှတ်ခဲ့ပါတယ်။

လူပုဂ္ဂိုလ် ၅ ဦးနဲ့ အဖွဲ့အစည်း ၁၂ ခု တို့အပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတွေကနေ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ပစ်မှတ်ထား အရေးယူမှုတွေထဲမှာ မြောက်ကိုရီးယား အနုမြူစွမ်းအင်လုပ်ငန်း ဝန်ကြီးဌာနနဲ့ အမျိုးသား ကာကွယ်ရေး ကော်မရှင်တို့ ပါဝင်ပါတယ်။

အခုကြေညာခဲ့တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ချိတ်ပိတ်ထားမှာ ဖြစ်တဲ့အပြင် သူတို့နဲ့လည်း ဘယ် အမေရိကန်ကုမ္ပဏီကမှ စီးပွားရေးလက်တွဲ လုပ်ဆောင်ခွင့် မရှိပါဘူး။

ကုလသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ ခုလို လက်တွဲ ကြိုးပမ်းမှုက မြောက်ကိုရီးယားကို ပြတ်သားတဲ့ သတိပေး သတင်းစကား ပါးလိုက်တာဖြစ်ကြောင်းလည်း အမေရိကန်က ဘဏ္ဍာရေးဝန်ကြီး Jacob Lew က ပြောပါတယ်။

XS
SM
MD
LG