သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံသား လွတ်မြောက်ရေး သမ္မတဟောင်း ကာတာ မြောက်ကိုရီးယား ရောက်ရှိ


ဇန်နဝါရီလကတည်းက အကျဉ်းချခံနေရတဲ့ အမေရိကန် နိုင်ငံသားတယောက် လွတ်မြောက်ရေးကို ကြိုးစားမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ တာဝန်နဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ဟာ မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပါတယ်။

မစ္စတာ ကာတာ ရောက်ရှိလာကြောင်းကို မြောက်ကိုရီးယား နိုင်ငံတော်ပိုင် သတင်းဌာန KCNA က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ မစ္စတာ ကာတာကို မြောက်ကိုရီးယား နျူကလီးယားရေးရာ သံတမန် ကင်မ်ကြယ်ဂွမ်း (Kim Kye Gwan) က ပြုံးယမ်းလေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။

မစ္စတာ ကာတာဟာ နံပါတ် ၂ တာဝန်ရှိသူ ကင်ယုံနန်းနဲ့ တွေ့ဆုံခဲ့ကြောင်းကိုလည်း KCNA က ဆိုပါတယ်။

အဖမ်းဆီးခံနေရတဲ့ အမေရိကန် နိုင်ငံသား အိန်ဂျလွန် မာလိ ဂုမ်းစ် (Aijalon Mahli Gomes) လွတ်မြောက်ရေးအတွက် မြောက်ကိုရီးယားကို မစ္စတာ ကာတာ ရောက်ရှိနေတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က အတည်ပြု ပြောကြားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခရီးစဉ် အသေးစိတ်ကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက မပြောကြားပါဘူး။

အသက် ၈၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ကာတာဟာ သူ့သဘောနဲ့သူ ဒီခရီးကို သွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုကြပါတယ်။

အသက် ၃၀ အရွယ် အမေရိကန် နိုင်ငံသား မစ္စတာ ဂုမ်းစ် တရုတ်ပြည်ကနေ မြောက်ကိုရီးယား နယ်စပ်ကို အဖြတ်မှာ မြောက်ကိုရီးယားက ဖမ်းဆီးခဲ့တာပါ။ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်ခဲ့မှုနဲ့ ထောင်ဒဏ် ၈ နှစ်နဲ့ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၇၀၀,၀၀၀ သူ့အပေါ်မှာ အပြစ်ချမှတ်ထားပါတယ်။

XS
SM
MD
LG