သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို တုန့်ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုကို အတည်ပြုဖို့ ပြင်ဆင်နေတဲ့ အချိန် အခုလို သတိပေး ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခွင့်ကို အသုံးချပြီး ကျူးကျော်သူတွေရဲ့ ဌာနချုပ်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်သွားမယ် လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။ အမေရိကန်ပြည်ထောင်စု က နျူကလီးယား စစ်ပွဲဖြစ်ပွားအောင် ရန်စနေတဲ့ အတွက် သူတို့အနေနဲ့ လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးခင်လေးကပဲ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယား ထိပ်ဖူးပါတဲ့ တာဝေးပစ်ဒုံးကျည်ကိုတော့ ပစ်လွတ်နိုင်ခြင်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်တိုင်း မြောက်ကိုရီးယားက အခုလို ခြိမ်းချောက်တဲ့ ကြေငြာချက်တွေ ပုံမှန် ထုတ်ပြန်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG