သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကျောင်းသားကို မြောက်ကိုရီးယား အလုပ်ကြမ်းနဲ့ ထောင်ဒဏ်စီရင်


Obama
Obama

မြောက်ကိုရီးယားနိုင်ငံအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ ချမှတ် အပြစ်ပေးခဲ့ရတဲ့ အမေရိကန် ကောလိပ်ကျောင်းသားလေးကို လွှတ်ပေးဖို့ သမ္မတ အိုဘားမားအစိုးရက မြောက်ကိုရီးယားနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံစိတ်ချရမှုထက် ပိုအရေးကြီးတဲ့ကိစ္စ သမ္မတအိုအားမား အစိုးရအတွက် မရှိဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အမေရိကန် နိုင်ငံသားတွေကို အသုံးချနေတယ်ဆိုတာ တဖြည်းဖြည်း ထင်ရှားလာနေတယ်လို့ Josh Earnest က ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် Otto Warmbier ဆိုတဲ့ အဲဒီကောလိပ်ကျောင်းသားဟာ မြောက်ကိုရီးယားနိုင်ငံကို ခရီးသွားအဖွဲ့နဲ့ ဇန်နဝါရီလအတွင်း သွားရောက်လည်ပတ်ပြီး ပြန်ခါနီးမှာ မြောက်ကိုရီးယား ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။

သူတို့တည်းခိုတဲ့ ဟိုတယ်က ဧည့်သည်တွေ ဝင်ထွက် သွားလာခွင့်မရှိတဲ့နေရာမှာ ချိတ်ထားတဲ့ နိုင်ငံရေးစာတမ်းကို ခိုးပြီး ဖြုတ်ယူမိခဲ့ကြောင်း ပြုံယမ်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Virginia တက္ကသိုလ်ကျောင်းသား Warmbier က ဝန်ခံ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG