သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရှေ့မြောက်ပိုင်း နှင်းမုန်တိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်


နှင်းမုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဘဲနေချိန်စားသောက်စရာတွေ ဝယ်ယူလာသူများ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၅)
နှင်းမုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဘဲနေချိန်စားသောက်စရာတွေ ဝယ်ယူလာသူများ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၅)

အမေရိကန် အရှေ့ခြမ်းက အဓိကမြို့ကြီးတွေဖြစ်တဲ့ ဝါရှင်တန်ဒီစီကနေ ဘော်စတွန်မြို့အထိ နောက် နှစ်ရက်ကြာ နှင်းမုန်တိုင်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမယ့် မြောက်ပိုင်းပိုကျတဲ့ နယူးဂျာစီ၊ နယူးယောက်၊ ကော်နက်တိကက်၊ ရုဒ်အိုင်လန်နဲ့ မန်ဆာချူးဆက်ပြည်နယ်တွေမှာ ဒီနှင်းမုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံရနိုင်တာကြောင့် အရေးအပေါ်အခြေအနေ ကြေညာထားပါတယ်။ တနင်္လာနေ့ ညဘက်ကနေ ဗုဒ္ဒဟူးနေ့မနက်ပို်င်းထိ လေယာဉ် ပျံသန်းမှုတွေ၊ ရထားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားမှာကြောင့်ဒီပြည်နယ်က သန်းနဲ့ချီတဲ့သူတွေအနေနဲ့ ကိုယ့်အိမ်တွေမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။ လျှပ်စစ်မီးလည်း ပြတ်တောက်နိုင်ကြာင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ ဆီးနှင်း ၃ ပေလောက်ထိ ကျနိုင်ပါတယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် လေတိုက်နှုန်းပြင်းထန်ပြီး ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အခုလိုမုန်းတိုင်းဒဏ်ကိုကာကွယ်ဖို့ ဒေသတွင်းနေထိုင်သူတွေဟာ အစားအသောက်၊ လျှပ်စစ်မီးစက်နဲ့ နှင်းတွေဖယ်ဖို့ ဂေါ်ပြားတွေကို အများအပြား ဝယ်ယူကြတာကြောင့် ဆိုင်တွေမှာလည်း ပစ္စည်းတွေ ပြတ်လပ်နေပါတယ်။

နယူးယောက်မြို့တော်ဝန် ဘေလ်ဒီ ဘလပ်စီယိုက ၁၈၇၂ ခုနှစ်က စလို့ ဒါဟာ ကြုံခဲ့ဖူးသမျှ အဆိုးဝါးဆုံးမုန်တိုင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက တနင်္လာနေ့ည နှောင်းပိုင်းကစလို့ နယူးယောက်မြို့အပါအဝင် ခရိုင် တဒါဇင်လောက်မှာ အပြင်လုံးဝမထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။

ဘော်စတွန် မြို့တော်ဝန် မာတင် ဝေါလ်ရှ်ကလည်း အချင်းချင်းအပြန်အလှန် ကူညီကြဖို့ လူထုကို တိုက်တွန်းထားပါတယ်။ တနင်္လာနေ့ညဘက် ကတည်းက နှင်းစကျမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မနက်မှသာ နှင်းကျတာရပ်မယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ ဝါရှင်တန်က အောက်လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်ရမှာတွေကို တနင်္လာနေ့ညနဲ့ အင်္ဂါနေ့မှာ ရပ်ဆိုင်းထားမှာပါ။ တနင်္လာနေ့အစောပိုင်းကတည်းက အင်္ဂါနေ့အထိ နယူးယောက်မြို့တော်က ကုလသမဂ္ဂဌာနချုပ်ရုံးလည်း ပိတ်ထားမှာဖြစ်ပြီး ဘရော့ဝေး ကဇာတ်ရုံတွေလည်း တနင်္လာနေ့ညဘက် ပိတ်ထားပါတယ်။

XS
SM
MD
LG