သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ အမြဲတပ်စွဲထားဖို့ အမေရိကန် စိတ်မဝင်စား


ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုနှင့် ဖိလစ်ပိုင်ရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုနှင့် ဖိလစ်ပိုင်ရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်တပ်တွေ တိုးချဲ့ချထားရေးအတွက် ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်အနေနဲ့ ဖိလစ်ပိုင်မှာ အမြဲတမ်း အခြေစိုက်စခန်းဖွင့်ဖို့အတွက် ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

ဝန်ကြီး Hagel ဟာ သူ့ရဲ့ အာရှ တပတ်ကြာခရီးစဉ် အဆုံးသတ်တဲ့ သောကြာနေ့မှာ ဖိလစ်ပိုင်သမ္မတ Benigno Aquino နဲ့ မနီလာမြို့တော်မှာ တွေ့ဆုံအပြီး အခုလိုပြောဆိုခဲ့တာပါ။

အမေရိကန်တပ်သားတွေ ပိုမိုချထားခွင့်ပြုဖို့နဲ့ မဟာဗျူဟာကျတဲ့ မလေးကျွန်းဆွယ်ဒေသမှာ စစ်သင်္ဘောနဲ့ စစ်တပ်လေယာဉ်တွေ ဖြတ်ပြီး ပျံသန်းခွင့်ပြုဖို့ ကိစ္စရပ်တွေ ပါဝင်တဲ့ သဘောတူညီချက် ချမှတ်ရေးအတွက် ၂ နိုင်ငံ စလုံးက ပြင်းပြင်းထန်ထန် ကြိုးစားနေကြတယ်လို့လည်း ပြောပါတယ်။ မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အမေရိကန်စစ်တပ်က အခြေစိုက်စခန်းချခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ဒေသ အခြေနေတွေကိုလည်း ဖိလစ်ပိုင်သမ္မတ Aquino နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီး Hagel ကပြောပါတယ်။
XS
SM
MD
LG