သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဖြတ်သတ် မှုတွေနဲ့ ခြောက်လို့ ISIS ကို အမေရိကန် မကြောက်


ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ်သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

သတင်းထောက် Stephen Sotloff နဲ့ James Foley တို့ကို သတ်ဖြတ်သူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်အပေါ် လက်မခံကြလို့ ဖြစ်တယ်လို့ Estonia မှာ ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန် ဒုတိယသမ္မတ Joe Biden ကလည်း အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့ကြသူတွေကို မြေလှန်ရှာဖွေမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chauk Hagel ကလည်း CNN ရုပ်သံနဲ့ တွေ့ဆုံခန်းမှာ - ခေါင်းဖြတ်သတ်တာကို မြင်ရပြီး အော်ဂလီဆန် သွားခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံသား ၁၀၀ ကျော်ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေကြကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေအနေနဲ့ ဒီစစ်သွေးကြွ အဆုံးသပ်သွားရေးအတွက် လုပ်နိုင်တာတွေ အားလုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG