သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာ အကူးစက်ခံရသူ ကန် သူနာပြုတွေ ပျောက်ကင်းပြီ


သူနာပြု Nina Pham ကို သမ္မတ အိုဘားမားက အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံ။
သူနာပြု Nina Pham ကို သမ္မတ အိုဘားမားက အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံ။

အီဘိုလာရောဂါ ရှိတဲ့ လိုင်ဘေးရီးယား လူနာကို ပြုစုကုသပေးပြီး ရောဂါကူးခံရတဲ့ အမေရိကန် သူနာပြုနှစ်ဦးဟာ အခု ရောဂါ ကင်းသွားပါပြီ။ နယူးယောက်မြို့တွင်းနဲ့ ပတ်ဝန်းကျင် အရပ်တွေမှာတော့ နောက်ထပ် အမေရိကန်နိုင်ငံသားတဦး အီဘိုလာရောဂါ ရထားတာကြောင့် သီးခြားခွဲထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ လုပ်နေရပါတယ်။

အမေရိကန်မြေပေါ်မှာ ပထမဆုံး အီဘိုလာလူနာကို ကုသပေးတဲ့ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့က သူနာပြု Nina Pham ဟာ သောကြာနေ့ မှာ ဆေးရုံကဆင်းပြီးတဲ့နောက် သမ္မတ ဘရာ့ခ် အိုဘားမားက တွေ့ဆုံပါတယ်။

ဝါရှင်တန်မြို့တော်နား မေရီလန်းပြည်နယ်က အမျိုးသားကျန်းမာရေး အင်စတီကျူရဲ့ ဆေးရုံကနေဆင်းလာပြီး သိပ်မကြာခင်မှာပဲ သူနာပြု Nina Pham ကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ပွေ့ဖက် နှုတ်ဆက်ပါတယ်။

အီဘိုလာရောဂါနဲ့ နောက်ထပ် ကုသမှုခံယူနေတဲ့ သူနာပြု Amber Vinson မှာလည်း ဗိုင်းရပ်စ်မရှိတော့တာ သိသာထင်ရှားပေမယ့် သူ ကုသမှုခံယူနေတဲ့ အတ္တလန်တာဆေးရုံတခုကနေ ဘယ်တော့ ပေးဆင်းမယ်ဆိုတဲ့ ရက်ကို မသတ်မှတ်ရသေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အနောက်အာဖရိကဒေသမှာ အီဘိုလာရောဂါသည်တွေနဲ့ ထိတွေ့မှုရှိထားတဲ့ ဘယ်သူမဆို သူတို့ ပြည်နယ်တွေထဲဝင်လာရင် ၂၁ ရက်ကြာ မဖြစ်မနေ သီးခြားခွဲ နေထိုင်ရမယ်လို့ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးတွေက သောကြာနေ့မှာပဲ ကြေညာပါတယ်။ နယူးဂျာစီပြည်နယ်၊ Newark Liberty လေဆိပ်မှာ သောကြာနေ့က ရောက်လာတဲ့ အမျိုးသမီးတဦးကို သီးခြားခွဲထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။

XS
SM
MD
LG