သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားရောက် မြန်မာဒုက္ခသည်တချို့ နေရာထိုင်ခင်း မသန့်ရှင်း


Omaha မြို့က ဒုက္ခသည်တွေ အတွက် ပေးထားတဲ့ တိုက်ခန်းတွဲ (KMTV 3 News Now)
Omaha မြို့က ဒုက္ခသည်တွေ အတွက် ပေးထားတဲ့ တိုက်ခန်းတွဲ (KMTV 3 News Now)

Nebraska ပြည်နယ် Omaha မြို့က ဒုက္ခသည်တွေ အတွက် ပေးထားတဲ့ တိုက်ခန်းတွဲတွေဟာ သန့်ရှင်းမှုမရှိပဲ အခြေနေသိပ်ဆိုး နေတဲ့အတွက် အဲဒီမှာ နေထိုင်တဲ့ ဒုက္ခသည် ၅၀၀ လောက်ကို နေရာသစ်ပြောင်းနိုင်ရေး လူမှုဝန်ဆောင်ရေးအဖွဲ့တွေက ကြိုးစားနေပါတယ်။

Omaha မြောက်ပိုင်းမှာ ရှိတဲ့ တိုက်ခန်းတွဲတွေဟာ ဂျပိုးတွေ၊ သန်းတွေ၊ ကြွက်တွေရှိနေတဲ့အပြင် ဓါတ်ငွေ့လိုင်းတွေ ပေါက်နေပြီး ရောဂါဖြစ်စေတဲ့ မှိုတွေကပ်နေတယ်လို့ တိုက်ခန်းတွေမှာ နေထိုင်သူ တရာလောက်က တိုင်တန်းခဲ့တဲ့အတွက် Omaha အိမ်ယာ စစ်ဆေးရေးအရာရှိတွေက ကြာသပတေးနေ့မှာ Yale Park တိုက်ခန်းတွဲတွေကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။

အဲဒီတိုက်ခန်းတွေမှာ မြန်မာဒုက္ခသည်တွေ နေထိုင်ကြပြီး သူတို့ဟာ Omaha ဒေသက အသားထုပ်ပိုးတဲ့ စက်ရုံတွေမှာ အလုပ်ဝင်လုပ်နေကြတာ ဖြစ်ပါတယ်။ အခုလို အိမ်ယာတွေ စစ်ဆေးပေးတာဟာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ပေးမှု တခုဖြစ်ကြောင်း စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

အဲဒီမှာ နေထိုင်သူတွေထဲမှာ ကလေးငယ်က ၁၇၅ ယောက်လောက် ရှိနေတာပါ။ တိုက်ခန်းနေသူတွေအတွက် အတည်တကျ နေနိုင်မယ့် နေရာ မစီစဉ်ပေးနိုင်ခင် အချိန်အထိ သူတို့ကို ခေတ္တနေနိုင်မယ့် စင်တာတွေဆီ ရွှေ့ပြောင်းခိုင်းဖို့ ရှိနေပါတယ်။

တိုက်ခန်းတွဲ ပိုင်ရှင်ကို AP သတင်းဌာနက အခြေအနေတွေ မေးမြန်းဖို့ ကြိုး စားခဲ့ပေမယ့် ခုထိ မအောင်မြင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG