သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ဆင်ဆာ ဥပဒေကြမ်းတွေ အမေရိကန်လွှတ်တော် ရွှေ့ဆိုင်း


အင်တာနက်ဆင်ဆာ ဥပဒေကြမ်းတွေ အမေရိကန်လွှတ်တော် ရွှေ့ဆိုင်း
အင်တာနက်ဆင်ဆာ ဥပဒေကြမ်းတွေ အမေရိကန်လွှတ်တော် ရွှေ့ဆိုင်း

အွန်လိုင်းကနေ မူပိုင်ခွင့် ချိုးဖောက်ခိုးယူတာတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူကြမ်းတစ်ခုကို နောက်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်က ရွှေ့ဆိုင်းလိုက်ပါတယ်။ အထက်လွှတ်တော်က အဲဒီဥပဒေမူကြမ်းနဲ့ အောက် လွှတ်တော်က အလားတူဥပဒေမူကြမ်းတွေကို ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ အင်တာနက်ကုမ္ပဏီတွေက အွန်လိုင်းစာမျက်နှာ ပိတ်ပစ်တာတွေကို လုပ်ခဲ့ပြီးတဲ့နောက်မှာ အခုလို ရွှေ့ဆိုင်းလိုက်တာပါ။

ဥပဒေမူကြမ်းကို နဂိုတုန်းက ထောက်ခံခဲ့တဲ့ လွှတ်တော်အမတ်တွေဟာ ဗုဒ္ဓဟူးနေ့က ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် သူတို့ ထောက်ခံချက်ကို ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။ အောက်လွှတ်တော်ရဲ့ ဥပဒေမူကြမ်းက SOPA လို့ခေါ်တဲ့ အွန်လိုင်း မူပိုင်ခွင့် ချိုးဖောက်မှုရပ်ဆိုင်းရေး ဥပဒေဖြစ်ပြီး အထက်လွှတ်တော်မှာကတော့ PIPA လို့ခေါ်တဲ့ အသိဉာဏ်ပညာဆိုင်ရာ ပိုင်ဆိုင်ခွင့် ကာကွယ်ရေးဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေမူကြမ်းတွေဟာ အင်တာနက်ကကို ဆင်ဆာလုပ်လာနိုင်ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ခြိမ်းခြောက်နေတယ်လို့ Wikipedia နဲ့ Google တို့လို့ အဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်။

ဥပဒေမူကြမ်းတွေကို ထောက်ခံသူတွေကတော့ ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်း၊ ဂီတနဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲတွေကို တီထွင် ဖန်တီးသူတွေအတွက် တရားမဝင် ကော်ပီကူးခိုးယူသူတွေ၊ ဖြန့်ဝေသူတွေရန်ကနေ ကာကွယ်ဖို့ ဥပဒေတွေ လိုအပ်တယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG