သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသမီးတဦးချင်းဗိုလ်လုပွဲ Naomi Osaka ဗိုလ်စွဲ


ချန်ပီယံဆုဖလားနှင့် အတူတွေ့ရသည့် Naomi Osaka ။ ၈ စက်တင်ဘာ ၂၀၁၈။
ချန်ပီယံဆုဖလားနှင့် အတူတွေ့ရသည့် Naomi Osaka ။ ၈ စက်တင်ဘာ ၂၀၁၈။

စနေနေ့က နယူးယောက်မြို့မှာ ယှဉ်ပြိုင်ကစားတဲ့ US Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်းဗိုလ်လုပွဲမှာ အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသူ Naomi Osaka က အမေရိကန် အမျိုးသမီး တင်းနစ်အကျော်အမော် Serena Williams ကို ၆-၂ ၊ ၆-၄ နှစ်ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။

Naomi Osaka ဟာ Grand Slam လို့ခေါ်တဲ့ တင်းနစ်ချန်ပီယံပြိုင်ပွဲကြီးတခုကို အနိုင်ရတဲ့ ပထမဆုံး ဂျပန်အမျိုးသမီးဖြစ်ပါ တယ်။

ပထမပွဲငယ်မှာ Naomi က ၆-၂ နဲ့ အနိုင်ရထားပြီးတဲ့နောက် ဒုတိယပွဲငယ်ကို အကျိတ်အနယ် ယှဉ်ပြိုင်ကစားကြချိန်အတွင်း Serena နဲ့ ပြိုင်ပွဲကြီးကြပ်ရေးဒိုင်တို့ကြားမှာ အခြေအတင်နဲ့ ပြဿနာဖြစ်ပါတယ်။

ဒုတိယပွဲငယ်ကို ကစားနေချိန်အတွင်း Serena ရဲ့ နည်းပြက ဘယ်လိုကစားရမယ်ဆိုတာ အမူအရာနဲ့ပြတာကြောင့် ပြိုင်ပွဲစည်းကမ်း ဖောက်ဖျက်မှုအဖြစ် ဒိုင်ကသတ်မှတ်တဲ့အပေါ် Serena က ဒိုင်ကို ဒေါသတကြီး တုန့်ပြန်ပြောဆိုပါတယ်။ အဲဒီနောက် သူ့ရဲ့ တင်းနစ်ရိုက်တံကို ပစ်ပေါက်ရိုက်ချိုးတာနဲ့ ဒိုင်ကို ဒေါသတကြီး အော်ဟစ်ပြီး သူ့ကိုတောင်းပန်ခိုင်းတာတွေကြောင့် ဒိုင်က ဒုတိယအကြိမ် ချိုးဖောက်မှုအဖြစ် သတ်မှတ်ပါတယ်။ အဲဒီနောက် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ Naomi ကို တမှတ်အသာပေး ပါတယ်။

Serena Williams ဟာ Grand Slam ချန်ပီယံ ၂၃ ကြိမ်ဖြစ်ထားဖူးပြီး ဒီ US Open မှာ ၆ ကြိမ် ချန်ပီယံဖြစ်ဖူးပါတယ်။

ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့ Naomi Osaka က ဆုငွေ အမေရိကန်ဒေါ်လာ ၃.၈ သန်းရပြီး Serena Williams က ဒေါ်လာ ၁.၉ သန်း အသီးသီးရကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG