သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အကြမ်းဖက်နှိမ်နင်းရေး စစ်သွေးကြွ ၆၀ ကျော်သေဆုံး


အာဖဂန်နစ္စတန်နဲ့နယ်နမိတ်ချင်းကပ်ရပ် ပါကစ္စတန်အနောက်ပိုင်း၊ Waziristan ဒေသရဲ့ မြောက်နဲ့တောင်ပိုင်းပြမြေပုံ။
အာဖဂန်နစ္စတန်နဲ့နယ်နမိတ်ချင်းကပ်ရပ် ပါကစ္စတန်အနောက်ပိုင်း၊ Waziristan ဒေသရဲ့ မြောက်နဲ့တောင်ပိုင်းပြမြေပုံ။

အာဖဂနစ္စတန်နိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ပါကစ္စတန်နိုင်ငံဖက်ခြမ်းမှာ အကြမ်းဖက်သမားတွေ အများကြီး စုဝေးတဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်သမား ၁၆ ဦးမက သေဆုံးပြီး ၂၀ ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

Orakzai နဲ့ Khyber တိုင်းရင်းသားမျိုးနွယ်စု ခရိုင်တွေကို ခြားထားတဲ့နေရာမှာ ညပိုင်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး စစ်သားလေးဦးမကလည်း ဒဏ်ရာရတယ်လို့ စစ်တပ်က ဒီကနေ့ ကြေညာချက်ထုတ်ပါတယ်။ မြောက်ပိုင်း ဝါဇီရီစတန်ဒေသရဲ့ ဝေးလံခေါင်သီတဲ့အပိုင်းမှာ သောကြာနေ့ အစောပိုင်းက အမေရိကန်ရဲ့ မောင်းသူမဲ့ ပဲ့ထိန်းဒုံးယာဉ်လက်ချက်လို့ယူဆရတဲ့ တိုက်ခိုက်မှုနှစ်ခုကြောင့် အစ္စလာမ်မစ် တိုက်ခိုက်ရေးသမား ၇ ဦးမက သေဆုံးတယ်လို့ ပါကစ္စတန်အရာရှိတွေက အစောပိုင်းက ပြောခဲ့ပါတယ်။

အာဖဂန်နယ်စပ်နားမှာ တာလီဘန်နဲ့ ဥဇဘတ် စစ်သွေးကြွတွေရဲ့ ခြံဝန်းတွေကိုပစ်မှတ်ထားပြီး စစ်တပ်ရဲ့အဆို အထူးထိရောက်ပြီး ပစ်မှတ်ကို သေချာထိတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၄၀ လောက်လည်း သေဆုံးသွားရတဲ့ သောကြာနေ့ စစ်ဆင်မှုအပြီး အခုလို တိုက်ခိုက်တာပါ။

XS
SM
MD
LG