သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါဆယ်ဗုံးကိစ္စ အယ်လ်ကိုင်းဒါး ခေါင်းဆောင်ဟောင်း လက်ထောက်ချ


ပါဆယ်ဗုံးကိစ္စ အယ်လ်ကိုင်းဒါး ခေါင်းဆောင်ဟောင်း လက်ထောက်ချ
ပါဆယ်ဗုံးကိစ္စ အယ်လ်ကိုင်းဒါး ခေါင်းဆောင်ဟောင်း လက်ထောက်ချ

အမေရိကန် ပြည်ထောင်စုဆီ ပါဆယ်ပို့ပြီး ဗုံးခွဲမယ့် အကြံအစည်ကို ဖော်ထုတ်နိုင်ဖို့အတွက် ဆော်ဒီ အာဏာပိုင်တွေဆီမှာ လက်နက်ချခဲ့သူ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တဦးက လက်ထောက်ချလိုက်တာ ဖြစ်တယ်လို့ လုံခြုံရေး အရာရှိတွေက ပြောကြားလိုက်ကြပါတယ်။

ဂွမ်တာနာမို အကျဉ်းသားဟောင်း ဂျဘား အယ်လ်ဖေဖီ (Jabr al-Fayfi) ဟာ ယီမင်နိုင်ငံမှာ အယ်လ်ကိုင်းဒါး အဖွဲ့ကို ပြန်လည် ဝင်ရောက်ခဲ့ပြီးမှ သူ့ကိုယ်သူ ဆော်ဒီ အာဏာပိုင်တွေဆီ အပ်နှံပြီး ထောက်လှမ်းရေးကို သတင်းပေးခဲ့တာ ဖြစ်တယ်လို့ ယီမင်၊ ဆော်ဒီနဲ့ ဗြိတိန် အရာရှိတွေက ပြောကြားလိုက်ကြတာပါ။

ပြီးခဲ့တဲ့အပတ်က ကြားဖြတ် ဖမ်းယူနိုင်ခဲ့တဲ့ ချီကာဂိုမြို့ ဂျူးဘုရားကျောင်းတွေဆီ ပေးပို့ရမယ့် ပါဆယ် ၂ ထုပ်မှာ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးစေမယ့် ဖောက်ခွဲရေး ပစ္စည်းတွေ အလုံအလောက် ပါရှိတယ်လို့ ဂျာမန် အရာရှိတွေက ဆိုပါတယ်။

ပါဆယ်တခုမှာ PETN ဖောက်ခွဲရေးပစ္စည်း ၄၀၀ ဂရမ် ပါရှိပြီး နောက်တခုမှာတော့ ဂရမ် ၃၀၀ ပါရှိတယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် အမေရိကန် ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ကို အမေရိကား တင်ပို့မယ့် ကုန်စည်တွေ စစ်ဆေးရာမှာ ကူညီနိုင်ဖို့ ယီမင်နိုင်ငံဆီ စေလွှတ်ခဲ့ပါတယ်။

အလားတူ ပြင်သစ်သမ္မတ နစ်ကိုလပ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဂရိနိုင်ငံ အေသင်မြို့ အခြေစိုက် အနောက်တိုင်း နိုင်ငံတွေဆီ လိပ်မူထားတဲ့ စာအိပ်ဗုံးတွေ သယ်ဆောင်လာတဲ့ လူ ၂ ဦးကိုလည်း ဂရိရဲတွေက ဖမ်းဆီးလိုက်ကြပါတယ်။

ဒါပေမဲ့ သူတို့ဟာ အယ်လ်ကိုင်းဒါး အဆက်အနွယ်တွေ မဟုတ်နိုင်ဘူးလို့ ရဲပြောခွင့်ရက ဆိုပါတယ်။

XS
SM
MD
LG