သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် ကန်နိုင်ငံသားတွေအတွက် Passport ဆိုင်ရာလုပ်ငန်းများ လျှော့ချ ဆိုင်းငံ့ထား


အမေရိကန် Passport
အမေရိကန် Passport

(Zawgyi/Unicode)

COVID-19 အရေးပေါ် အခြေအနေကြောင့် ပြည်ပမှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံသားတွေအတွက် ဝန်ဆောင်မှုတွေကို လျှော့ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

အများပြည်သူ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဧပြီလ ၂ ရက်နေ့ကစ လုပ်ငန်းတွေကို လျှော့ချလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံကူးလက်မှတ်တွေ ပုံနှိပ်ထုတ်လုပ်ပေးပို့တဲ့ လုပ်ငန်းတွေနဲ့ မွေးစာရင်းပြုစုတဲ့ လုပ်ငန်းတွေကို နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပရောက် အမေရိကန် နိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ သံရုံးတွေမှာ နိုင်ငံကူးလက်မှတ်တွေ လျှောက်ထားခွင့်ရှိပေမဲ့ ပုံနှိပ်ထုတ်ဝေတဲ့ဌာနက လုပ်ငန်းတွေ ပြန်လည်မစမချင်း ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

အရေးပေါ် ခရီးသွားဖို့ လိုအပ်တဲ့ အမေရိကန်နိုင်ငံသား ကလေး၊ လူကြီးတွေကိုတော့ သံရုံးတွေက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုထုတ်ပြန်ချက်မတိုင်ခင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ အနေနဲ့လည်း အချိန်အတော်ကြာအောင် စောင့်ဆိုင်းရဖွယ်ရှိကြောင်းလည်း အသိပေးထားပါတယ်။

[Unicode Version]








XS
SM
MD
LG