သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲဆိပ်ကမ်း အတိုက်ခံရမှု ၆၉ နှစ်ပြည့်


ပုလဲဆိပ်ကမ်း အတိုက်ခံရမှု ၆၉ နှစ်ပြည့်

ဒုတိယကမ္ဘာစစ်ထဲမှာ အမေရိကန် ပါဝင်စေခဲ့တဲ့ အဓိက အကြောင်းဖြစ်တဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၆၉ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်တွေကို အမေရိကန်နိုင်ငံ တဝန်းမှာ အင်္ဂါနေ့က ကျင်းပပါတယ်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဟာဝိုင်ယီကျွန်း စံတော်ချိန် မနက် ၈ နာရီ မထိုးခင်မှာပဲ ဂျပန် တိုက်လေယာဉ်တွေ ပေါ်ကနေ အမေရိကန်ရေတပ် ပုလဲဆိပ်ကမ်းပေါ်ကို ဗုံးကြဲချလိုက်တဲ့အတွက် စစ်သင်္ဘော ၅ စင်း နစ်မြုပ်ခဲ့ပြီး အမေရိကန်ပေါင်း ၂,၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက် အမေရိကန်က ဒုတိယကမ္ဘာစစ်ထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့တော်မှာရှိတဲ့ ဒုတိယကမ္ဘာပွဲအတွင်း ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အထိမ်းအမှတ်နေရာမှာ လွမ်းသူ့ပန်းခွေ ချပွဲကို တိုက်ခိုက်ခံခဲ့ရတဲ့ တချိန်တည်းမှာ ကျင်းပခဲ့ပါတယ်။

ဟာဝိုင်ယီမှာလည်း အမေရိကန် စစ်သင်္ဘော USS Arizona နစ်မြုပ်ခဲ့တဲ့ နေရာနားမှာ ပုလဲဆိပ်ကမ်း အထိမ်းအမှတ် စင်တာသစ်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။

XS
SM
MD
LG