သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံးလုံခြုံရေး အမေရိကန်တပ်တွေ အီရတ်ကိုလွှတ်မည်


အီရတ်နိုင်ငံ၊ မြို့တော် ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အမေရိကန်လူမျိုးတွေကို လုံခြုံရေးပေးဖို့အတွက် အီရတ်နိုင်ငံကို စစ်ဖက်ဝန်ထမ်း ၂၇၅ ဦး သမ္မတအိုဘားမားက စေလွှတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အခုလို အမေရိကန်စစ်ဖက်ဝန်ထမ်းတွေ စေလွှတ်တာဟာ အီရတ်အစိုးရရဲ့ သဘောတူညီချက်နဲ့အတူ ဆောင်ရွက်တာဖြစ်တယ်လို့ သမ္မတအိုဘားမားက အမေရိကန်လွှတ်တော်ကို အသိပေးစာပို့ပါတယ်။

အီရတ်နိုင်ငံမှာ အခုကြုံနေရတဲ့ အကြပ်အတည်းအတွက်တော့ အီရတ်ကို အမေရိကန်တပ်တွေ စေလွှတ်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါပေမယ့်လည်း အီရတ်အစိုးရကိုကူညီနိုင်မယ့် အခြားနည်းလမ်းတွေကိုတော့ သူ့ရဲ့ အမျိုသားလုံခြုံရေး အကြံပေးအဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အဲဒီစဉ်းစားချက်ထဲမှာတော့ ဆူနီစစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ စဉ်းစားချက်လည်း ပါဝင်ပါတယ်။

ဆူနီသူပုန်တွေဟာ အီရတ်မြောက်ပိုင်း နေရာအတာ်များများကို ထိန်းချုပ်သိမ်းယူထားပြီး အခု မြို့တော်ဘဂ္ဂဒက်ကိုပါ သိမ်းယူမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်။ တချိန်တည်းမှာတော့ အီရတ်ကိစ္စမှာ အီရတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေကိုလည်း အမေရိကန်က ထည့်သွင်းစဉ်းစားနေပါတယ်။ ဒါပေမယ့်လို့ အီရတ်နိုင်ငံက ဆူနီသူပုန်ထမှုကို နှိမ်နင်းမှု ညှိနှိုင်းဆောင်ရွက်ကြတဲ့အခါမှာ အီရန်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

Vienna မှာ ကျင်းပနေတဲ့ နျူကလီယားဆွေးနွေးပွဲအပြင်ပန်းမှာ အမေရိကန်နဲ့ အီရန်တာဝန်ရှိသူတွေ တွေ့ဆုံကြဖို့ရှိတယ်။ ဒါပေမယ့်လည်း ဒီ ဆွေးနွေးမှုမှာ စစ်ရေးအရ ညှိုနှိုင်းဆောင်ရွက်မှုကိစ္စတွေတော့ ပါဝင်မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောသွားတာပါ။

အီရန်နိုင်ငံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္လာနေ့အစောပိုင်းတုန်းက Yahoo News ကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လို့လည်း အီရန်အနေနဲ့ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တပေါင်းတစည်းတည်းရှိမှုကိုတော့ လေးစားလိုက်နာဖို့ ပထမဆုံး ပြင်ဆင်ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
XS
SM
MD
LG