သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်


အမေရိကန် ရေတပ်ဗိုလ်မှူးကြီး John Rutherford (ဒု-ယာ) နဲ့ ဖိလစ်ပိုင်တပ်မတော် ဗိုလ်ချုပ် Emeraldo Magnaye (တ-ယာ) တို့အား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖွင့်ပွဲတွင်တွေ့ရစဉ်။ (မေ ၅၊၂၀၁၄)
အမေရိကန် ရေတပ်ဗိုလ်မှူးကြီး John Rutherford (ဒု-ယာ) နဲ့ ဖိလစ်ပိုင်တပ်မတော် ဗိုလ်ချုပ် Emeraldo Magnaye (တ-ယာ) တို့အား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖွင့်ပွဲတွင်တွေ့ရစဉ်။ (မေ ၅၊၂၀၁၄)
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေပိုင်နက် အငြင်းပွားမှုတွေတိုးနေချိန်မှာပဲ အမေရိကန်နဲ့ဖိလစ်ပိုင် ၂ နိုင်ငံ နှစ်စဉ်ကျင်းပနေကျ ကြီးမားတဲ့ ဆယ်ရက်ကြာ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေကို စတင်လိုက်ပြီဖြစ်ပါတယ်။

ဒီနှစ်လေ့ကျင့်မှုကို ယိုင်းပင်းလက်တွဲတယ်လို့ အဓိပ္ပာယ်ရတဲ့ Balikiton လို့သိကြပြီး ရေပြင်လုံခြုံရေးကိစ္စရပ်တွေကို ဦးတည်ဆောင်ရွက်မယ်လို့ တနင်္လာနေ့ကျင်းပတဲ့ ဖွင့်ပွဲမှာ တာဝန်ခံအရာရှိတွေက ပြောပါတယ်။

"မကြာခင်နှစ်တွေအတွင်း အာရှပစိဖိတ်ဒေသတွင်းတင်းမာမှုတွေ တိုးလာနေတာဟာ ဥပဒေကိုမလေးစားဘဲ ရေကြောင်းနဲ့ နယ်မြေပိုင်နက် ချဲ့ထွင်မှုဆိုင်ရာ အငြင်းပွါးမှုတွေကြောင့်ဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert Del Rosario က ပြောသွားတာပါ။

ရန်လိုတဲ့လုပ်ရပ်တွေရှိနေပြီး ဒါတွေဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေကို ပျက်ပြားစေတာမို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အရင်ကတည်းက မိတ်ဆွေအဖြစ် ရပ်တည်ခဲ့တဲ့အပြင် မဟာမိတ် ၅ နိုင်ငံထဲမှာပါ ပါဝင်တဲ့ အမေရိကန်ပြည်ထောင်စုကို ဖိလစ်ပိုင်က ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးပါတဲ့ကဏ္ဍမှာ ပါဝင်စေရတာဖြစ်ပါတယ်လို့ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံလို့ ထည့်သွင်းမပြောကြားခဲ့ပေမယ့် တရုတ်အစိုးရဟာ အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာရှိတဲ့ ကျွန်းတွေ ပိုင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာမို့ နယ်မြေပိုင်နက် အငြင်းပွါးမှုတွေနဲ့ ကြုံနေရတာပါ။

အမေရိကန်နဲ့ ဖိလစ်ပိုင်အစိုးရတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကာကွယ်ရေး သဘောတူစာချုပ်တရပ် ချုပ်ဆိုခဲ့ကြပြီး ဒီစာချုပ်အရ အမေရိကန်တပ်တွေ ဖိလစ်ပိုင်နိုင်ငံမှာ ပိုပြီးချထားနိုင်တော့မှာဖြစ်ပါတယ်။
XS
SM
MD
LG