သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ တရားမဝင်နေသူတွေကို နေရပ်ရင်းပြန်ပို့တာ လက်မခံတဲ့ နိုင်ငံ ၄နိုင်ငံ ကန်ဗီဇာဆိုင်းငံ့မည်


အမေရိကန်ပြည်ထောင်စုကနေ သူတို့ရဲ့ နေရပ်ရင်းကို ပြန်ပို့လိုက်တဲ့ သူတွေကို လက်မခံတဲ့ နိုင်ငံ ၄ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာတွေ ရပ်တန့်သွားဖို့ စီစဉ်နေပါတယ်။ အဲဒီနိုင်ငံ ၄ နိုင်ငံကတော့ Eritrea ၊ Guinea၊ Sierra Leone နဲ့ Cambodia နိုင်ငံတွေဖြစ်ပါတယ်။

အမေရိကန် အရင်အစိုးရလက်ထက်တွေ မှာတော့ နေရပ်ရင်းကို ပြန်ပို့တာတွေကို တိုးမြှင့်လုပ်ဆောင်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာပေးတာတွေကို ၂ ကြိမ်တိုင် ရပ်တန့်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်လာရောက်နေထိုင်တယ်လို့ ယူဆရတဲ့သူတွေကို သူတို့ရဲ့နေရပ်ရင်းကို ပြန်ပို့တဲ့နေရာမှာ အဲဒီနိုင်ငံ ၄ နိုင်ငံက လက်ခံဖို့ငြင်းဆိုတာ၊ ဒါမှမဟုတ် အဲဒီလူတွေကို ပြန်လက်ခံဖို့အတွက် အချိန်ဆွဲနေတယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့သီတင်းပတ်က အကြောင်းကြားခဲ့ပါတယ်။

အဲဒီလိုလုပ်ဆောင်နေတာဟာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး နဲ့ နိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၂၄၃ (d) ကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ နေရပ်ရင်းကို ပြန်ပို့တာကို လိုလိုလားလား လက်မခံဘဲ၊ ငြင်းဆန်နေတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တာဖြစ်ပါတယ်။

ဒီအမိန့်ကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုအခါမှာ ပြန်လည်သုံးသပ်နေပါတယ်။ အတိတ်ကာလတုန်းကတော့ ၊ သံတမန်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကိုပဲ ပစ်မှတ်ထားပြီး ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်တာတွေ လုပ်လေ့ရှိတာဖြစ်ပါတယ်။ အခုလို ပိတ်ပင်လိုက်တဲ့အတွက် လူဦးရေ ဘယ်လောက်အထိ ဒီအကျိုးဆက်တွေ ခံရမယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

XS
SM
MD
LG