သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ဆိုင်ရာ ကမ္ဘာ့ ထိပ်သီးညီလာခံ ကျင်းပရေး ကန် စီစဉ်


ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ကမ္ဘာ့ စီးပွားရေး နှီးနှောဖလှယ်ပွဲ (WEF) ညီလာခံ မှာ မိန့်ခွန်းပြောနေတဲ့ ကန်နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ ။
ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ကမ္ဘာ့ စီးပွားရေး နှီးနှောဖလှယ်ပွဲ (WEF) ညီလာခံ မှာ မိန့်ခွန်းပြောနေတဲ့ ကန်နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ ။

စစ်ပြေးဒုက္ခသည်တွေ မကြုံဖူးလောက်အောင် ပိုများလာနေတဲ့ ပြဿနာကို ဖြေရှင်းဖို့၊ ကမ္ဘာတဝန်းက အကျပ်အတည်းတွေမှာ ဒုက္ခရောက်နေသူတွေကို ကူညီဖို့၊ ကြီးထွားလာနေတဲ့ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေကို အခြေခံကျကျ တိုက်ဖျက်ဖို့ နိုင်ငံအားလုံးက ဆတိုး ကြိုးပမ်းကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတဝန်းက ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သမ္မတ Barack Obama ကမကထလုပ်ပြီး ဒီနှစ်နှောင်းပိုင်း နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ညီလာခံတခု ကျင်းပမှာ ဖြစ်ကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ကမ္ဘာ့ စီးပွားရေး နှီးနှောဖလှယ်ပွဲ (WEF) ညီလာခံ မိန့်ခွန်းမှာ ဝန်ကြီး ကယ်ရီ ကြေညာခဲ့တာပါ။

လူသားချင်း စာနာမှု အကူအညီတွေ ပေးကြဖို့ ကုလသမဂ္ဂရဲ့ ပန်ကြားချက်ကို တုန့်ပြန်တဲ့ နိုင်ငံတွေ၊ ဒုက္ခသည်မိသားစုတွေ ဘေးကင်းလုံခြုံမှုရှိရှိ အခြေချ နေထိုင်ဖို့ ဆန္ဒရှိတဲ့ တိုင်းပြည်တွေ ပိုများလာဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ နိုဝင်ဘာလ နောက်ဆုံးထားပြီး ဒုက္ခသည် ရှစ်သောင်းခွဲ (၈၅၀၀၀) ကို လက်ခံဖို့နဲ့ ရှေ့နှစ်မှာ တသိန်းအထိ လက်ခံမယ့် အစီအစဉ်တွေကို ကြေညာထားပါတယ်။ ကမ္ဘာတလွှားက အစိုးရတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တက်ရောက်လာတဲ့ ညီလာခံမှာ ပြောကြားတဲ့ ဝန်ကြီးကယ်ရီရဲ့ မိန့်ခွန်းမှာ အကျင့်ပျက်ခြစားမှု ပြဿနာကိုလည်း အာရုံစိုက်ပြောဆိုခဲ့တာပါ။

အဂတိလိုက်စားမှု ပြဿနာဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့နှုန်းနဲ့ ကြီးထွားလာနေပြီး၊ ကမ္ဘာကြီး တိုးတက်ဖွံ့ဖြိုးမှုကိုလည်း ခြိမ်းခြောက်နေတယ်လို့ သတိပေးခဲ့ပါတယ်။

XS
SM
MD
LG